မာလ်ဖွိုင်းစံအိမ်/မာလ္ဖြိုင္းစံအိမ္

1.3K 187 2
                                    

Unicode

ညက ဆိတ်ဆိတ်ငြိမ်ငြိမ်၊စနိပ်တစ်ယောက် သတိမြဲနေပါစေလို့ ဆုတောင်းရင်း ဟယ်ရီ၊ဟာမိုင်အိုနီနဲ့ ရွန်တို့က ဆေးရုံခန်းဆောင်ကို ချဉ်းကပ်ခဲ့ကြတယ်။အကယ်၍ သည်ကျောင်းမှာ တစ်စုံတစ်ယောက်က မာလ်ဖွိုင်းတို့ ဘယ်မှာနေသလဲ သိမယ်ဆိုရင် အဲ့သည်တစ်ယောက်က စနိပ်ပဲ။ရီးမတ်စ်ကိုလည်း အဲသည်မှာ ရှိမနေစေချင်ခဲ့ကြပေမဲ့ ဟယ်ရီက မျှော်လင့်ထားခဲ့သလိုပါပဲ။သူ့အထင် မှန်သွားတယ်။

ရီးမတ်စ်က ခုံတစ်လုံးမှာထိုင်ရင်း ဆဗရပ်စ် စနိပ်ဖြစ်ခဲ့ဖူးတဲ့ မလှုပ်မယှက် ခန္ဓာကိုယ်ကြီးကို ငေးကြည့်လျက်သား။ဝမ်းနည်းစိတ်နဲ့ အားနာတဲ့စိတ်ကို ဟယ်ရီ ရှတတ ခံစားလိုက်ရတယ်။ဒဏ်ရာရထားတဲ့ လူနာတစ်ယောက်ကို နိုးလို့ ရီးမတ်နဲ့ စနိပ်က သူ့ကို အမြင်မကြည်ဖြစ်ကြမယ်ထင်တယ်။ဒါပေမဲ့ သူ့အတွက်တော့ ဒရေကို့ဆီ အတတ်နိုင်ဆုံး မြန်မြန်ရောက်သွားနိုင်ဖို့ လိုတယ်လေ၊စနိပ် နားလည်မယ်လို့ သူထင်တယ်။

ကိုယ်ပျောက်ဝတ်ရုံအောက်က သူတို့သုံးယောက် ရီးမတ်အိပ်ပျော်နေလား ခိုးကပ်သွားပြီးကြည့်တယ်။သူတို့ ရီးမတ်နဲ့ ရင်ဆိုင်စရာမလိုလောက်တော့လို့ နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်။ဟယ်ရီက သူတို့သုံးယောက်နဲ့ စနိပ် နီးနားမှာ အသံလုံစေတဲ့ မန္တန်စည်းချလိုက်တယ်။

စနိပ်ကို နီးနီးကပ်ကပ်တွေ့လိုက်ရတာက စိတ်ကူးကြည့်နိုင်သမျှထဲ အဆိုးဆုံးကိစ္စတစ်ခုပဲ။ဖြူဖျော့နေတဲ့ သူ့မျက်နှာ။ဟယ်ရီ့မှာ ပြောပြစရာ စကားလုံးမကျန်ခဲ့ဘူး။သွေးတွေက သူ့ခန္ဓာကိုယ်၊ဝတ်ရုံနဲ့ အိပ်ရာခင်းဖြူဖြူတွေမှာ ပေပွနေတယ်။ဟောက်ပက်နေတဲ့ မျက်တွင်းတွေကို ကြည့်ရတာတော့ သူ့အခြေအနေက မကောင်းသေးဘူး။လောလောလတ်လတ်ကလေးတင် အိပ်ပျော်သွားပုံရတယ်။သည်အတွေးက ဟယ်ရီ့ကို ပိုခံစားရစေတယ်။ဒါပေမဲ့ မနိုးလို့လည်း မဖြစ်ပြန်ဘူး။

"ပါမောက္ခ"

စနိပ်ရဲ့ ပုခုံးပေါ် လက်တစ်ဖက်ကို အသာအယာတင်ပြီး သူ တိုးတိုးတိတ်တိတ် ခေါ်လိုက်တယ်။

"ပါမောက္ခ"

စနိပ် လူးလွန့်ပြီး မျက်လုံးကို ချိနဲ့စွာဖွင့်လို့ ဟယ်ရီ့ကို အိပ်ချင်မူးတူး ငေးကြည့်လာတယ်။

​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now