ဟယ်ရီ ဒမ်ဘယ်​ဒေါကို သွား​တွေ့တယ်/ဟယ္ရီ ဒမ္ဘယ္ေဒါကို သွားတွေ့တယ်

1.8K 272 2
                                    

Unicode

ဟယ်ရီ ဒမ်ဘယ်ဒေါရဲ့ရုံးခန်းကို လက်တွေ့ကျကျ မေးခွန်းတွေမေးဖို့ သွားတော့တယ်။မာလ်ဖွိုင်း တစ်ခုခုတော့ဖြစ်နေပြီဆိုတဲ့ အတွေးက သူ့ကို ကောင်းကောင်းကြီးခြောက်လန့်နိုင်တယ်။မာလ်ဖွိုင်း အခုလို ဖြစ်မနေသင့်ဘူး။စိတ်အနှောင့်အယှက်ဖြစ်ရတာချင်း ထူးပြီး ခြားနားမသွားပေမဲ့ မာလ်ဖွိုင်း အခုလို ထိတ်လန့်ပြီး သောကရောက်နေတာထက် နဂိုအတိုင်း မောက်မာခက်ထန်နေတာကမှ သဘာဝကျတယ်လို့ ဟယ်ရီထင်တယ်။ပြီးတော့ ဒမ်ဘယ်ဒေါက သည်ကိစ္စကို မသိသေးလောက်ဘူးဆိုတဲ့ အတွေးကြောင့် ဟယ်ရီ ပိုပြီး စိတ်ဖိစီးသွားတယ်။

ပါမောက္ခ ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းကို ရောက်မှ ရုံးခန်းတံခါးကို ဖွင့်ဖို့ စကားဝှက် မသိဘူးဆိုတာ ဟယ်ရီ သတိရတယ်။ဒေါသနဲ့ ခပ်တိုးတိုး ဆဲရေးလိုက်ပြီး လျှို့ဝှက်တံခါးရှေ့ကို သွားရောက်တဲ့အခါ"ကျွန်တော် ပါမောက္ခ ဒမ်ဘယ်ဒေါကို တွေ့ချင်ပါတယ်" လို့ ခွင့်တောင်းလိုက်ပေမဲ့ ရေထွက်တဲ့ ကတွတ်ပေါက် အဆင်အယင်မျိုးဖြစ်တဲ့ တိရစ္ဆာန်ပါးစပ်ပုံ ပြွန်ဝကြီးက ဘာပြန်ပြောပါ့မလဲ။အဲ့ဒီအခါ ဟယ်ရီ သက်ပြင်းချလိုက်ပြီး သကြားလုံးနာမည်မျိုးစုံကို စပြီးရွတ်တော့တယ်။
"Licorice,lemon drops,acid pops,chocolate frogs..."

လျို့ဝှက်တံခါး ပွင့်သွားပြီး လှေကားထစ်တွေပေါ်လာခဲ့တယ်။ဟယ်ရီ လှေကားထစ်တွေပေါ် ခပ်မြန်မြန် ကျော်တက်သွားပြီး ပါမောက္ခ ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းတံခါးကို စောင့်ဖွင့်ရင်း နှုတ်ကလည်း"ပါမောက္ခ ဒမ်ဘယ်ဒေါ..ပါမောက္ခ ကျွန်တော် ပါမောက္ခနဲ့ စကားပြောစရာရှိတယ်"ဆိုပြီး အော်ဟစ်တော့တယ်။ရုံးခန်းတံခါးက လှစ်ခနဲပွင့်သွားတဲ့အခါ ဟယ်ရီ့ကိုယ်က ရှေ့ကိုယိုင်ပြီး ကြမ်းပေါ်ကို ဒူးထောင်လျက်သားကျသွားတယ်။ခေါင်းမော့ကြည့်လိုက်တဲ့အခါ ဟယ်ရီ ပထမဦးဆုံးရင်ဆိုင်လိုက်ရတာက အေးတိအေးစက်အကြည့်တွေ။

"ပါမောက္ခ စနိပ်"

ဟယ်ရီ အံ့ကြိတ်သံနဲ့ စကားစပြောတယ်။

စနိပ်ကလည်း ဟယ်ရီ့ကို ငုံ့ကြည့်လျက်သား၊ထူးချွန်ရည်မွန်တဲ့ ဂရင်ဖင်းဒေါကျောင်းသားကို ရှုတ်ချလှောင်ပြောင်ချင်နေတဲ့ လက္ခဏာဖြစ်တဲ့ နှာ​ခေါင်းပွပွနဲ့။ဟယ်ရီ စနိပ်ရဲ့ အေးစက်စက် အကြည့်တွေကို ရှောင်ဖယ်အကြည့်လွှဲလိုက်တော့ မြင်လိုက်ရတာက ပိုပြီးစိတ်အနှောက်အယှက်ဖြစ်ချင်စရာပဲ။

​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Onde histórias criam vida. Descubra agora