မာလ်ဖွိုင်းကို ဟယ်ရီ မျက်ရည်သုတ်​ပေးတယ်/မာလ္ဖြိုင္းကို ဟယ္ရီ မ်က္ရည္သုတ္ေပးတယ္

2.1K 282 3
                                    

Unicode

ဂရင်ဖင်းဒေါ အဆောင်တံခါးဖြစ်တဲ့ မိန်းမဝကြီးရဲ့ ပုံတူပန်းချီကားချပ်ရှေ့ ရွန်၊နယ်ဗီ၊စီးမက်စ်၊ဒင်းတို့နဲ့ ရောက်လာတဲ့အချိန်အထိ ဟယ်ရီ အတွေးထဲ နစ်နေခဲ့တယ်။ဟယ်ရီ အဆောင်စကားဝှက်ကို မေ့နေပေမဲ့ ကံကောင်းချင်တော့ စီးမက်စ်က မှတ်မိနေခဲ့တယ်။
"Flobber worm"
(T/N-အလျား(၁၀)လက်မအထိရှည်ပြီး အစွန်းနှစ်ဖက်စလုံး ပါးစပ်ပေါက်ပါတဲ့တီကောင်တစ်မျိုးပါ)

စီးမက်စ် စကားဝှက်ပြောလိုက်တာနဲ့မိန်းမဝကြီးက တံခါးကိုချက်ချင်း စောင့်ဖွင့်ပေးတယ်။ဟယ်ရီ သူနေတဲ့ အဆောင်ခန်းမထဲရောက်သွားတော့မှ သက်တောင့်သက်သာဖြစ်သွားခဲ့တယ်။ဆိုဖာတစ်ခုပေါ် ခြေပစ်လက်ပစ်လှဲချလိုက်ပြီး အဆောင်တူ သူငယ်ချင်းတွေကို စပ်စပ်စုစုလိုက်ကြည့်နေခဲ့တယ်။စီးမက်စ်နဲ့ ဒင်းက အခန်းထောင့်တစ်နေရာမှ တိုးတိုးသာသာတွတ်ထိုးနေကြတယ်။ဟာမိုင်အိုနီကတော့ ကြမ်းပေါ်ထိုင်ပြီး စာအုပ်နဲ့ မျက်နှာမခွါတော့ဘူး။သူ့ဘေး ရောက်လာသမျှ သူငယ်ချင်းတွေကို ရန်ရှာနေတော့တာ။နယ်ဗီကကျ မီးဖိုဘေးမှာထိုင်ပြီး ခပ်အုပ်အုပ် အတင်းတုပ်နေကြတဲ့ လာဗင်ဒါ ဘရောင်းနဲ့ ပါဗတီ ပတီတို့နှစ်ယောက်ကို စွေစွေကြည့်နေတယ်။ရွန်ကတော့ အိပ်ခန်းထဲ ပြန်အိပ်တော့မယ်လို့ ပြောပြီး သွားခဲ့ပြီ။ဟယ်ရီပဲ တစ်ယောက်တည်း ဆိုဖာပေါ်လှဲပြီး အတွေးများနေခဲ့တယ်။

ဟယ်ရီ့အတွေးထဲ ပထမဦးဆုံးပေါ်လာတာက မာလ်ဖွိုင်း..။နှုတ်ခမ်းကိုက်ပြီး ဟယ်ရီ့ကိုစိုက်ကြည့်နေတာကို မြင်လိုက်ရတုန်းက ဖြစ်တဲ့ ကျောရိုးထဲစိမ့်ပြီး တုန်ယင်သွားတဲ့ ခံစားချက်။
မာလ်ဖွိုင်း ဘာခြေလှမ်းတွေ လှမ်းနေတာလဲ။သူလုပ်ပုံတွေက ဒရေကို မာလ်ဖွိုင်း မဆန်လိုက်တာ။မာလ်ဖွိုင်းစိတ်လုပ်ရှားနေတာကို ဟယ်ရီ တစ်ခါမှ မကြုံဖူးခဲ့ဘူး။အထူးသဖြင့် လှောင်ပြောင်စော်ကားဖို့သာ မဟုတ်ရင် မာလ်ဖွိုင်း ဟယ်ရီ့ကို စကားပြောပြီး အဆက်အဆံလုပ်တာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ရိုးသားစွာ ဝန်ခံရရင် အဲ့သည်ဖြူရော်ရော် စလေသရင်းအတွက် ဟယ်ရီ စိုးရိမ်စိတ်တွေ ဝင်နေခဲ့တယ်။

​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now