1.3K 184 4
Unicode
ဗိုဒါမို့ထ်က ဒေါသထွက်နေတဲ့ ဟယ်ရီ့ မျက်နှာကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်တယ်။မျက်ရည်တွေဝေ့လျက်သား ဒရေကိုက ဟယ်ရီ့အနောက်မှာ ရို့ရို့ကလေးဖြစ်သွားတဲ့အခါ
မြူးသွားပုံရတယ်။
"ဒရေကို.."
ထူးထူးဆန်းဆန်း အေးဆေးနေတဲ့ လေသံနဲ့ ဟယ်ရီပြောခဲ့တယ်။
"သူ မင်းကို အနိုင်ကျင့်(rape)ထားတာမဟုတ်ဘူးလို့ ကျေးဇူးပြုပြီး ပြောပေး"
သူတို့အနားကို ခြေတစ်လှမ်းတိုးလာတဲ့ ဗိုဒါမို့ထ်ကြောင့် တွန့်ဆုတ်သွားတဲ့ ဒရေကို့ဆီက ရှိုက်သံတစ်ချက် ထွက်လာတယ်။ဟယ်ရီက သူ့ချစ်သူကောင်လေးကို ချက်ချင်းပဲ ကာကွယ်လိုက်ပြီး ဗိုဒါမို့ထ်ကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း တိုးလာရဲရင်တိုးလာခဲ့ဆိုတဲ့ အချိုးချိုးလိုက်တယ်။ဗိုဒါမို့ထ် တရားလွန်နေပြီဆိုတာ အသေအချာပဲ။ကြောက်စရာ၊စက်ဆုပ်စရာဆိုတာ ထက်ပိုနေပြီ။တခဏအတွင်း မှော်နှင်တံကို ဆွဲထုတ်ပြီး စဉ်းစားလို့ရသမျှ မန္တန်တွေနဲ့ ဗိုဒါမို့ထ်ကို စိတ်ဆိုးမာန်ဆိုးဆိုတာထက်ပိုတဲ့ ခါးခါးသီးသီးဒေါသနဲ့ သူတိုက်ခိုက်တော့တယ်။သူ့ခေါင်းထဲပေါ်လာသမျှက အဲ့သတ္တဝါ ဒရေကို့ကို ထိတွေ့ကိုင်တွယ်နေတာတွေချည်း။
ဗိုဒါမို့ထ်ကတော့ ဘာမှမဖြစ်ခဲ့သလို ရယ်နေရင်း သူ့ဆီကို ဦးတည်လာတဲ့ မန္တန်တွေကို တစ်ခုပြီးတစ်ခု တန်ပြန်ချေဖျက်တိုက်ခိုက်ခဲ့တယ်။လက်လှမ်းမီတာနဲ့ ဟယ်ရီ အသက်ရှူကျပ်သွားအောင် လည်ပင်းကို ဆွဲညစ်တယ်။
"ကျွန်တော့်ကောင်လေး ကို လွှတ်လိုက်"
ဒရေကို အော်ဟစ်ပြီး ဗိုဒါမို့ထ်ကို လှဲချဖို့ ဝင်လုံးတယ်။ဒါပေမဲ့ ဗိုဒါမို့ကတော့ ဒရေကို့ကို ပုတ်ထုတ်ပစ်တာများ ကြောင်တစ်ကောင်လိုပဲ။ပြီးတော့ ဟယ်ရီ့ဘက်လှည့်ပြီး နီမြန်းနေတဲ့ ဟယ်ရီ့မျက်နှာကို ကြည့်ရယ်ရင်း...
"သည်လို ပျော့ညံ့ညံ့တစ်ကောင်ကို မင်းကို ကာကွယ်ခိုင်းရတဲ့အထိ မင်းက သိပ်သနားစရာကောင်းနေသလား"
ဗိုဒါမို့ထ်စကားက သရော်သံအပြည့်။ဟယ်ရီ ပိုပြီး သွေးဆူလာတယ်။
​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now