1.6K 188 10
Unicode
နာရီ အနည်းငယ်အကြာမှာ ဆေးရုံအဆောင်ထဲ ဟယ်ရီ နိုးလာခဲ့တယ်။ခေါင်းတွေက တဒိန်းဒိန်းထိုးကိုက်နေခဲ့ပြီး ပါးစပ်တွေခြောက်ခဲ့တယ်။အနေအထိုင် တော်တော် ခက်နေခဲ့တယ်။ခေါင်းထောင်ဖို့ သူကြိုးစားလိုက်တဲ့အခါ နွေးထွေးတဲ့လက်တစ်ဖက်က သူ့ကို ပြန်တွန်းလှဲခဲ့တယ်။ရှိန်းတိန်းတိန်းဖြစ်စေတဲ့ အထိအတွေ့ကြောင့်...
"ဒရေကို"
လှိုက်ခနဲဖြစ်တဲ့ နွေးထွေးသာယာမှုကို ခံယူရင်း ကွဲအက်နေတဲ့နှုတ်ခမ်းသားတွေကတစ်ဆင့် အသံအက်နဲ့ သူခေါ်လိုက်တယ်။
"ဒရေကို"
ထပ်တစ်ကြိမ် ကြိုးစားကြည့်တယ်။ဗိုဒါမို့ထ် ဘာဖြစ်သွားပြီလဲမေးချင်ပေမဲ့ သူ့စိတ်ရော ခန္ဓာကိုယ်ရောက နွမ်းလျနေခဲ့ပြီ။
"ဟက်..အချစ်"
ဒရေကိုက ညင်ညင်သာသာ ပြောပြီး ဟယ်ရီ့ပါးကို နှုတ်ခမ်းနဲ့ ဖိကပ်လိုက်တယ်။
"မင်း အခု အဆင်ပြေသွားပြီ။ရွန်နဲ့ ဟာမိုင်အိုနီက မင်းအော်သံကို ကြားသွားပြီး ဒမ်ဘယ်ဒေါကို ပြန်သွားခေါ်ခဲ့တာတဲ့။ဒမ်ဘယ်ဒေါ အိမ်ထဲ ရောက်လာတာနဲ့ ဗို..ဗိုဒါမို့ထ်က ကြက်ပေါက်ကလေးလို ထွက်ပြေးသွားတာလေ"
"ကောင်းတယ်"
ဟယ်ရီ့ အသံ အက်ကွဲနေခဲ့တယ်။အေးမြတဲ့ တစ်စုံတစ်ရာက သူ့နှုတ်ခမ်းမှာ အတေ့ခံရပြီးတဲ့နောက် ရေအေးတွေ သူ့လည်မျိုထဲ စီးကျလာတာကြောင့် လည်ချောင်းနာနေတာ သက်သာသွားတယ်။သက်သောင့်သက်သာဖြစ်သွားတာကြောင့် ဟယ်ရီ သက်ပြင်းချပြီး ခေါင်းအုံးထဲ ပိုတိုးအိပ်လိုက်တယ်။
ဒရေကိုက လည်ချောင်းရှင်းလိုက်ပြီး မဝံ့မရဲ...
"အာမ်..သူ မင်းအတွက် noteတစ်ခု ချန်သွားခဲ့တယ်။ဘယ်သူမှ ဖွင့်ဖတ်လို့ မရဘူး။ဒါပေမဲ့ အဲ့note က မင်းဟာပဲလေ"
ဒရေကို ဟယ်ရီ့ကို အညိုရောင် စာအိတ်တစ်လုံး ကမ်းပေးတယ်။ဟယ်ရီက စာအိတ်ကို သတိထားယူလိုက်တယ်။
"စိတ်မပူပါနဲ့။ပုရပိုက်ပေါ်မှာ ကျိန်စာတွေ ရှိမရှိ စနိပ် စစ်ထားပေးပြီးပြီ"
​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now