မာလ်ဖွိုင်း​ကြောင့်တော့ အ​ကွေးမခံဘူး/မာလ္ဖြိုင္းေၾကာင့္ေတာ့ အေကြးမခံဘူး

1.8K 272 2
                                    

Unicode

စနိပ်ရဲ့အကြံပေးမှုကို လက်ခံလိုက်တဲ့အနေနဲ့ရော ဦးနှောက်ဆေးချင်တဲ့ ဆန္ဒနဲ့ပါ နောက်ထပ် ရက်သတ္တပါတ်နှစ်ပါတ်လုံး ဟယ်ရီ မာလ်ဖွိုင်းကို ရှောင်နေခဲ့တယ်။မာလ်ဖွိုင်းကိုယ်တိုင်လည်း သူ့ကို ရှောင်နေခဲ့မှန်း ဟယ်ရီသိတယ်။သိသိသာသာပါပဲ၊မာလ်ဖွိုင်းက ဟယ်ရီနဲ့များ ဆုံမိရင် နောက်ပြန်လှည့်ပြီး ဆန့်ကျင်ဘက်ကို ထွက်သွားနေကျ။ရွန်တောင် မာလ်ဖွိုင်းရဲ့ အပြုအမူကို သတိထားမိပြီး ဟယ်ရီ့ကို မေးယူရတဲ့အထိပဲ။ဒါပေမဲ့ ဟယ်ရီက မာလ်ဖွိုင်းရဲ့ အပြုအမူကိုနားမလည်တဲ့ပုံစံနဲ့ အကြောင်းရင်းကိုမသိကြောင်း ခေါင်းပဲရမ်းပြပြီး ရေရေရာရာမဖြေခဲ့ဘူး။

ဟာမိုင်အိုနီကတော့ တစ်ရက်ခြားတစ်ရက် တစ်စတစ်စနဲ့ အရင်လိုပြန်ဖြစ်လာတယ်။တစ်ချက်တစ်ချက် ထအော်ပြီးဖောက်တတ်တာကလွဲလို့ ဖော်ဖော်ရွေရွေပြုံးပြပြီး စကားပြောတာလည်း ပုံမှန်အတိုင်းပဲ ပြန်ဖြစ်လာတယ်။ပုံမှန်ထက်တော့ စာပိုဖတ်လာတယ်။ဒါရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်ကောင်းကောင်းတစ်ခုရှိတယ်လို့ ဟယ်ရီထင်တယ်။အကြောင်းပြချက်က ဟာမိုင်အိုနီ ဖတ်နေတဲ့ စာတွေက ကျောင်းစာတွေနဲ့ ပတ်သက်တာမျိုးမဟုတ်ဘဲ ထူးထူးဆန်းဆန်း ဒဏ္ဍာရီလာ မှော်သတ္တဝါတွေအကြောင်းဖြစ်နေတတ်တာရယ်၊ပြီးတော့ ဘာကြောင့် အဲ့ဒီစာတွေကို ဖတ်နေသလဲလို့များမေးမိရင် ဟယ်ရီတို့ကို ပြန်မဖြေဘဲ နင်တို့ ကိစ္စမဟုတ်ဘူးလို့ ပြန်ဟောက်လေ့ရှိတာကြောင့်ပဲ။

စနိပ်တစ်ယောက်ကိုတော့ ထမင်းစားချိန်တွေမှာ ခန်းမဆောင်ကြီးထဲ မတွေ့ရသလောက်ဖြစ်ရုံတင်မကဘူး၊တစ်ခါတရံ သူက စာသင်ချိန်တွေမှာပါ ပျက်ကွက်တတ်တယ်။စနိပ်ကိုယ်တိုင်စာလာမသင်နိုင်တဲ့ အချိန်တွေမှာ သူ့ရဲ့ အသံသွင်းမှတ်တမ်းနဲ့ စာသင်ပေးတယ်။စနိပ်ကို ဟယ်ရီ မြင်ခွင့်ရတဲ့ အခါတိုင်းမှာ စနိပ်ဟာ ပိုပိုပြီး အားနည်းဖြူဖျော့လာတယ်၊ချူချာလာတယ်။ဟယ်ရီ တစ်ခါမှ အခုစာသင်နှစ်မှာလောက်ထိ စိတ်ရှုပ်ထွေး၊သောကရောက်တာမျိုး မကြုံဖူးဘူး။သည်အခုစာသင်နှစ်က သာမန်မဟုတ်ခဲ့ရင်တောင် ဘာကြောင့်များ အခုလောက်ထိဆိုးဝါးရတာလဲလို့ ဟယ်ရီတွေးမိတယ်။

​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now