Unicode
ဟယ်ရီနဲ့ ဟာမိုင်အိုနီ တွဲထိန်းပေးထားတာတောင် ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းဆီ ဦးတည်တဲ့ လှေကားထစ်တွေကို မာလ်ဖွိုင်း ဖြည်းဖြည်းချင်းပဲ တက်နိုင်ခဲ့တယ်။ဟယ်ရီ့ နာမည်ကို ရှိုက်သံတစ်ဝက်နဲ့ ရေရွတ်ရင်း မချိန်မရွေးပြိုလဲကျသွားနိုင်တဲ့ လူတစ်ယောက်လို ဟယ်ရီ့ကို မာလ်ဖွိုင်း ဖက်တွယ် ထားခဲ့တယ်။ဟယ်ရီကိုယ်တိုင်ကလည်း မာလ်ဖွိုင်းယိုင်လဲ သွားမှာကြောက်လို့ မာလ်ဖွိုင်းရဲ့ ကိုယ်ကို သိုင်းဖက်ပြီး ထိန်းကိုင်ထားပေးခဲ့တယ်။ပါမောက္ခ သုံးယောက်က သူတို့ရဲ့ အရှေ့ခပ်လှမ်းလှမ်းက ဦးဆောင်သွားနေခဲ့ကြပြီး သူတို့ ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းထဲ ယိုင်တိုင်တိုင် ဝင်ရောက်သွားကြတဲ့အခါ ကြိုရောက်နှင့်နေခဲ့တဲ့ ပါမောက္ခတွေ အချင်းချင်း တီးတိုးစကားပြောနေရာက ရပ်တန့်သွားခဲ့တယ်။
အနေရခက်ချင်စရာ ဆိတ်ငြိမ်နေခဲ့မှုနဲ့ ပတ်ဝန်းကျင်လေထုက အမျိုးအမည်မသိရတဲ့ ဖိအားတွေသက်ရောက်နေစေတယ်လို့ ဟယ်ရီခံစားရတယ်။ဒရေကို အဲ့သည်အချိန်အထိ ရှိုက်နေခဲ့တယ်။လက်တစ်ဖက်က ဟယ်ရီ့ ရှပ်အင်္ကျီကို ဆွဲပြီး ကျန်လက်တစ်ဖက်က သူ့ရင်ဘတ်ပေါ်ကို ဆုပ်ကိုင်ထားတုန်း။ဟယ်ရီ စိုးရိမ်တာက ဒရေကို နှလုံးဖောက်သွားမှာကိုပဲ။ပါမောက္ခတွေဆီက အသံထွက်လာမှာကို စောင့်ရင်းနဲ့ ဒရေကို့အတွက် ဘာလုပ်ပေးရမလဲ မသိဘဲ ကျောပြင်ကိုပဲ အိုးတိုးအတ သပ်ပေးနေခဲ့မိတယ်။
နောက်ဆုံးတော့ ပါမောက္ခ ဒမ်ဘယ်ဒေါဆီက အသံထွက်လာတယ်။
"မင်းကို တစ်ခုခုရှင်းပြဖို့ လိုအပ်နေပြီလို့ ငါထင်တယ်"
စနိပ်က မကျေနပ်တဲ့လေသံနဲ့ ဒမ်ဘယ်ဒေါရဲ့ စကားကို လှမ်းဟန့်ပြီး ဟယ်ရီနဲ့ အကြည့်ချင်း စစ်ခင်းတော့တယ်။
"ကျွန်တော်တို့ သူ့ကို ပြောပြလို့ မဖြစ်ဘူး"
"စိတ်ချပါ စဗရပ်စ်၊ငါ သူ့ကို ကိစ္စအားလုံး ပြောပြမှာ မဟုတ်ဘူး"
ဒမ်ဘယ်ဒေါက သူ့ဝတီအတိုင်း ဖြည်းဖြည်းသာသာ ဆက်ပြောတယ်။
"သူသာ ဒရေကိုနဲ့ ဝေးဝေးမနေဘူးဆိုရင် အသက်အန္တရာယ် ရှိတယ်ဆိုတာလောက်ပဲ"
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...