Unicode
အရင်ကထက် လူကောင်နည်းနည်းပိုကြီးလာတဲ့ ရီးမတ်စ်ကို ဟယ်ရီ ပြေးဖက်လိုက်တယ်။သမန်းဝံပုလွေ တစ်ကောင်ရဲ့ ပွေ့ဖက်ခံရမှာ ဖျစ်ညစ်ခံရမှုဒဏ်ကြောင့် လက်မလွှတ်ခင်မှာပဲ သေသွားမလားတောင် ထင်ရတယ်။
"ရီးမတ်စ်...ဘယ်လိုလုပ်ပြီး သည်ကိုရောက်လာတာလဲ"
မြူးထူးနေခဲ့တဲ့ ဟယ်ရီက ရီးမတ်စ်ရဲ့ လက်မောင်းကို လက်သီးနဲ့ဖွဖွထိုးပြီး တရင်းတနှီးမေးလိုက်တယ်။ပြီးတော့ ရီးမတ်စ်ရဲ့ အသားမာတက်နေတဲ့ လက်တွေကို ဆုပ်ကိုင်ပြီး...
"အို...ရီးမတ်စ် တကယ်ပါပဲ၊ခင်ဗျားဘာတွေ လုပ်နေခဲ့တာလဲ"
ရီးမတ်စ်က ဟယ်ရီ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပုခုံးတွန့်ပြတယ်။ပြီးတော့မှ စနိပ် ဘက်လှည့်ပြီး.."အိုး..စဗရပ်စ်..."လို့ ညုတုတုလေသံနဲ့ နှုတ်ဆက်လိုက်တယ်။စနိပ်ရဲ့ စားပွဲဆီလျှောက်သွားပြီး တက်ထိုင်တယ်။စနိပ်က စိတ်အနှောင့်အယှက်ဖြစ်ပေမဲ့ ရီးမတ်စ်ကို လျစ်လျူရှုထားခဲ့တယ်။သူ့ရှေ့က စားပွဲပေါ်မှာ မော်ဒယ်တစ်ယောက် ပို့စ်ပေးနေသလို ဟန်ကျပန်ကျ ကြော့ကြော့ကလေး တက်ထိုင်လိုက်တဲ့ ရီးမတ်စ်ကို မျက်မှောင်ကြုတ်ကြည့်နေရင်းက ဖြူရော်ရော်မျက်နှာမှာပန်းရောင်ပြေးလာတာကို ဟယ်ရီတွေ့လိုက်ရတယ်။
အတန်းထဲက ကျောင်းသားအားလုံးက သူတို့ရဲ့ ပါမောက္ခဟောင်းကို စပ်စပ်စုစုရှိနေကြပေမဲ့ စနိပ်က မန္တန်အရွတ်ဆက်ကျင့်ကြဖို့ လက်ဟန်ပြပြီး အေးစက်စက်ပြောလိုက်တယ်။ရီးမတ်စ်က သူ့တပည့်ဟောင်းတွေကို လိုက်ကြည့်နေရင်း ရှက်သွေးကြွနေတဲ့ ဟာမိုင်အိုနီနဲ့ တပည့်ကျော် ရွန်ကိုတွေ့တော့ လက်ပြနှုတ်ဆက်တယ်။
"မင်း ဘာလိုချင်တာလဲ လူပင်"
သူ့ထက်လူကောင်သေးပေမဲ့ ပိုပြီးသန်မာနေတဲ့ ရီးမတ်စ်ကို ခုံပေါ်က တွန်းချရင်း စနိပ်က ငေါက်တယ်။
ရီးမတ်စ် က ရယ်ရယ်မောမောနဲ့ စနိပ်ရဲ့လည်ပင်းကို သိုင်းဖက်လိုက်တယ်။ပြီးတော့ သွက်သွက်လက်လက်....အသေအချာစိုက်ကြည့်နေခဲ့တဲ့ ဟယ်ရီတစ်ယောက်ပဲ မြင်လောက်တဲ့ အပြုအမူတစ်ခုက ရီးမတ်စ် စနိပ်ရဲ့နှုတ်ခမ်းကို ဖွဖွနမ်းလိုက်တာပါ။မျက်နှာကြီး မဲမှောင်သွားတဲ့ စနိပ်ကို ကြည့်ရင်း သမန်းဝံပုလွေကြီး တခစ်ခစ် ရယ်နေခဲ့တဲ့ပုံက သူဟာ ကမ္ဘာ့အရယ်ရဆုံးဟာသတစ်ခုကို နားထောင်နေခဲ့သလိုပဲ။ဆန်းကြယ်လွန်းတဲ့ အဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရတဲ့ အမောင်ကျောင်းသားလေး ဟယ်ရီကတော့ ပါးစပ် ဟောင်းလောင်းနဲ့ဖြစ်နေခဲ့တာပေါ့။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...