ရှေးက ရန်ဖက် လက်ရှိ ကိုယ့်လူ/ေရွးကရန္ဖက္ လက္ရွိကိုယ့္လူ

1.8K 222 19
                                    

Unicode

ဒမ်ဘယ်ဒေါရဲ့ ရုံးခန်းဆီကို လျှောက်လှမ်းနေတုန်း စနိပ်က ဟယ်ရီ့ ပုခုံးပေါ် လက်တစ်ဖက် သိုင်းတင်ထားခဲ့တယ်။မျက်နှာပေါ်မှာ ပူနွေးနွေးဖြစ်နေတာကို အရင်သတိထားမိလိုက်ပြီးမှ သူမျက်ရည်ကျနေခဲ့တယ်လို့ ဟယ်ရီ နားလည်လိုက်တယ်။ရုံခန်းအဝင်ဝဖြစ်တဲ့ ရေကတွတ်ပေါက်ပုံစံ တိရစ္ဆာန် ခေါင်းရှေ့ကို စကားဝှက်ရွတ်ဖွင့်ဖို့ လုပ်တော့မှ စနိပ်က ဟယ်ရီ့ပုခုံးကို တစ်ချက်ဖျစ်ညစ်ကာ ခွါသွားတယ်။

"Lemon Drops"

တိရစ္ဆာန်ခေါင်းက တစ်ဖက်ရွေ့သွားပြီး ရုံခန်းကို ဦးတည်တဲ့ လှေကားထစ်တွေ ပေါ်လာတဲ့အခါ ရီးမတ်စ်က လူးစီးယပ်စ်(မေ့နေဆဲ)ကို တွဲလျက်၊စနိပ်၊ဒရေကိုနဲ့ ဟယ်ရီ အားလုံးတက်သွားကြတယ်။ဒရေကိုက ဟယ်ရီ့ကို ဖြေရှင်းချက်တစ်ခုခု ပေးတော့မယ့် ပုံစံနဲ့ ကြည့်နေခဲ့ပေမယ့် ဟယ်ရီ့အနားတော့ ရောက်မလာခဲ့ဘူး။မာလ်ဖွိုင်း သားအဖနှစ်ယောက်လုံးကို စိတ်တိုနေခဲ့သေးတာကြောင့် ဟယ်ရီကလည်း လျစ်လျူရှုထားခဲ့တယ်။

စနိပ်က ရုံခန်းတံခါးကို ခေါက်လိုက်တော့ အခန်းထဲက "ဝင်ခဲ့ပါ"လို့ထင်ရတဲ့ မသဲကွဲတဲ့ အသံတစ်သံ ကြားရတယ်။စနိပ်က တံခါးကို ဖွင့်လိုက်ပြီး ရီးမတ်စ်နဲ့ လူးစီးယပ်စ်ကို အရင်ပေးဝင်တယ်။ပြီးမှ သူဝင်တယ်။ဟယ်ရီလည်း လိုက်ဝင်ဖို့အလုပ်မှာ ဒရေကိုက ဟယ်ရီ့ပုခုံးပေါ် လှမ်းကိုင်ပြီး တားတယ်။

"ဟယ်ရီ"

တိုးညင်းတဲ့ ခေါ်သံနဲ့အတူ ဒရေကိုက ဟယ်ရီ့ကို သိုင်းဖက်လိုက်ပြီး ဟယ်ရီ့လည်တိုင်ဆီ မျက်နှာ အပ်လိုက်တယ်။

"ဟယ်ရီ"

ဟယ်ရီ့ဆီက ပြန်ဖြေသံ မကြားရတဲ့အခါ ဒရေကိုက ထပ်ခေါ်တယ်။

"ကိုယ်..အဖေနဲ့ လိုက်သွားမလို့မဟုတ်ပါဘူး။မဟုတ်ဘူး၊သွားဖို့လုပ်ခဲ့တယ်။ဒါပေမယ့် အဲ့တာက ကိုယ် မင်းကို မထိခိုက်စေချင်လို့လေ။သူ့ရဲ့ အမုန်းတရားတွေကို ကိုယ်ခံစားမိတယ်။သူ မင်းကိုသတ်လိမ့်မယ်၊တကယ်လို့ ကိုယ်သာ လိုက်မသွားခဲ့ဘူးဆိုရင်"

ဟယ်ရီ ဒရေကို့ကို တွန်းဖယ်ပြီး စိန်းစိန်း စိုက်ကြည့်နေခဲ့တယ်။ဒရေကိုကလည်း ခေါင်းငိုက်စိုက်ပြီး ရှိုက်ငိုနေခဲ့တယ်။

​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now