Unicode
ဟယ်ရီ နိုးလာတဲ့အခါသူ့ဘေးမှာ ခုတင်နေရာ အလွတ်ကိုပဲ တွေ့လိုက်ရတယ်။ခန္ဓာကိုယ်အနှံက လှိုက်တက်လာတဲ့ နာကျင်မှုတွေကြောင့် သက်ပြင်းရှိုက်လိုက်ပြီး ဒေါသနဲ့ စိတ်ရှုပ်ထွေးမှုတွေပါ ချက်ချင်း ခေါင်းပြူလာပေမဲ့ တွတ်တီးတွတ်တာအသံတစ်ခုနဲ့ ဒရေကို သူ့ကို အနောက်က သိုင်းဖက်လာတဲ့အခါကျ စိတ်ကြည်လင်သွားတယ်။
"တောင်းပန်ပါတယ် အချစ်၊မင်းကို လန့်အောင် ကိုယ်မရည်ရွယ်ပါဘူး"
နှာသီးနဲ့ ကျီစယ်ကလိရင်း နား နားကပ်ပြောလာတဲ့ တိုးလျလျစကားသံကြောင့် ဟယ်ရီ့မျက်နှာ ရဲသွားတဲ့အခါ စလေသရင်းကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်ရယ်မောရင်း ဟယ်ရီ့မေးရိုးထောင့်ချိုးကို နမ်းရှိုက်လိုက်တယ်။
"မရှက်ပါနဲ့၊မင်းနေရာမှာ ကိုယ်ဆိုလည်း ကသိကအောက်ဖြစ်သွားမှာပဲ၊ညက အတူတူအိပ်ဖြစ်တဲ့ ကိုယ့်လူကို မနက်နိုးလာတဲ့အခါ အစရှာမရဖြစ်နေရင်"
နွမ်းနယ်လွန်းတာကြောင့် ဟယ်ရီ ခွန်းတုံမပြန်တော့ဘဲ ဒရေကို့ လက်မောင်းကွေးထဲ တိုးဝင်ပူးကပ်ရင်း ဒရေကို့ဆီက အနွေးဓာတ်ကို ဇိမ်ကျကျ ခံယူနေခဲ့တယ်။ဒရေကို့နှုတ်ခမ်းကို ခေါင်းထောင် နမ်းရှိုက်လိုက်ပြီး လေးတွဲ့တွဲ့သက်ပြင်းတစ်ချက်နဲ့ ပြန်အိပ်ဖို့ ပြင်တယ်။
သက်တောင့်သက်သာ ဇိမ်ကျငြိမ်းချမ်းနေမှုက တာရှည်မခံခဲ့ဘူး။ဘာမှမကြာတဲ့ အချိန်ပိုင်းကလေးအတွင်း လိုတရအခန်းတံခါးက ဝုန်းခနဲ ပွင့်သွားပြီး ဟာမိုင်အိုနီရဲ့ အော်ဟစ်သံကြီး ထွက်လာတယ်။
"ရီးမတ်စ် ဒဏ်ရာရသွားပြီ"
"ဘာကြီး.."
ဆတ်ခနဲ ခေါင်းထောင်ကြည့်ပြီး ဟယ်ရီ မေးတယ်။အဝတ်မကပ်တဲ့ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကြောင့် အရှက်သည်းစွာ မျက်နှာလွှဲသွားတဲ့ ဟာမိုင်အိုနီကို ဟယ်ရီ ကြောင်ကြည့်လိုက်မိတယ်။
"ဟော့မိတ်မှာ တိုက်နေခိုက်နေကြတယ် ဟယ်ရီ၊ငါ နင့်ကို လာခေါ်တာ"
မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ဟာမိုင်အိုနီက ဟယ်ရီ့ကို ပြန်လှည့်ကြည့်တယ်။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...