1.8K 252 24
Unicode
လိုတရအခန်းထဲ ရောက်တဲ့အခါ ဟာမိုင်အိုနီနဲ့ ဟယ်ရီက အိပ်ပျော်တဲ့ စလေသရင်းကောင်လေးကို ကုတင်တစ်ခုံးပေါ် တင်ပေးလိုက်ကြတယ်။
"သည်အကြောင်းတွေကို နင်သိနေခဲ့တာလား ဟာမိုင်အိုနီ"
"ဒါပေါ့ ဒါ​ပေါ့"
ဟာမိုင်အိုနီ ပြန်ဖြေပုံက အခုအခြေအနေရောက်မှ မေးဖို့ တုံးအလွန်းတဲ့ မေးခွန်းတစ်ခုကို ဘောက်ဆတ်ဆတ်ပြန်ဖြေနေသလိုပဲ။
"ပါမောက္ခ ဒမ်ဘယ်ဒေါ ငါ့ကို ပြောပြတာ"
"သူက ငါ့ကျ မပြောဘဲ ဘာလို့နင့်ကို ပြောပြတာလဲတဲ့"
ဟယ်ရီ အလိုမကျ မေးလိုက်တယ်။
ဟာမိုင်အိုနီကလည်း ဟယ်ရီ့ကို မခန့်တာ ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။
"ဒရေကို့ကို ကောင်းကောင်း စောင့်ရှောက်နိုင်အောင် ပါမောက္ခဒမ်ဘယ်ဒေါ ငါ့ကို အက်ဟာဖရူတီတွေ အကြောင်း လေ့လာခိုင်းခဲ့တာ။ကျောင်းမှာ စာလည်း သေချာလေ့လာပြီး အပြင်ဗဟုသုတတွေ စေ့စေ့စပ်စပ် ရှာနိုင်တာငါပဲ ရှိမှန်း ခန့်မှန်းမိလို့ နေမှာပေါ့"
ဟယ်ရီ စောဒက တက်ဦးမလို့ လုပ်ပေမဲ့ ခုတင်ပေါ်မှာ ဒရေကိုက ညည်းသံတစ်ချက်ထွက်ပြီး လူးလွန့်လာတာတွေ့လိုက်ရလို့ ဟာမိုင်အိုနီနဲ့ စကားစပြတ်သွားခဲ့တယ်။
"ဟယ်..ရီ"
ဒရေကိုက အက်ရှရှ ခေါ်လိုက်ပြီး ခေါင်းထောင်လိုက်ဖို့လုပ်ပေမဲ့ သက်ပြင်းချသံတစ်ချက်နဲ့ ခေါင်းအုံးပေါ် ပြန်လဲကျသွားတယ်။ဟယ်ရီ ဒရေကို့နား လျှောက်သွားပြီး ကြမ်းပေါ်ဒူးထောက်ချကာ ဒရေကို့ နဖူးပေါ် လက်တင်စမ်းကြည့်လိုက်တော့ ဒရေကိုက လှပ်ခနဲဖြစ်သွားတဲ့ ခံစားချက်ကြောင့် တွန့်သွားတယ်။ဟယ်ရီလည်း ချက်ချင်း လက်ပြန်ရုတ်လိုက်တယ်။
"နေလို့ ကောင်းရဲ့လား"
ဟယ်ရီက တိုးတိုးညင်းညင်း မေးတယ်။ဒရေကို စောင်ပုံကြားထဲက လူးလွန့်ထွက်လာပြီး ဟယ်ရီ့ကို စိုက်ကြည့်လာတယ်။မျက်ရည်ဥတွေခိုတွဲနေနဲ့ အကြည့်တွေက ရွှန်းရွှန်းလက်လက်။ကလေးငယ်တစ်ယောက်လို ရှိုက်ငိုတော့မယ့်ပုံပေါက်နေတဲ့ စလေသရင်းကောင်လေးက ငိုမယ့်အစား ဟယ်ရီ့ကို ပြုံးပြလာတယ်။
​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now