Unicode
အချိန်က ည(၇)နာရီ ခွဲနေပြီ။ဟယ်ရီလည်း ဒရေကို့ကို ရိုက်ချင်လာပြီ။ဟယ်ရီ ဒေါသ အလိပ်လိပ် ထွက်လာရလောက်အောင်ကို ဒရေကို သူ့ကို ဂျစ်ကန်ကန်လုပ်နေခဲ့တယ်။
"ကိုယ်က မင်းနဲ့ ထွက်လည်ချင်တာလေ ဟယ်ရီ"
ဟယ်ရီ့ ခါးသွယ်သွယ်တဲ့ ဆွဲဖက်ပြီး ဒရေကို ဂျီကျတယ်။
"ဟယ်ရီ.....လို့"
ဟယ်ရီ မျက်နှာရှုံ့မဲ့သွားပြီး စလေသရင်းကောင်လေးကို တွန်းဖယ်လိုက်တယ်။
"ငါ ခဏလေးပဲ သွားမှာ"
ပူးပူးကပ်ကပ် လုပ်နေတဲ့ သူ့ကောင်လေးကို အမြင်မကပ်မိအောင်ထိန်းချုပ်ရင်း ဟယ်ရီ နှစ်သိမ့်လိုက်တယ်။ဒရေ့ကို အောက်နှုတ်ခမ်းလေး စူထွက်လာတော့တယ်။ဟယ်ရီပဲ မြင်ခွင့်ရခဲ့တဲ့ ဒရေကို့ ကလေးဆန်မှုပေါ့။ကံကောင်းတယ်ပဲ ဆိုပါတော့။မောက်မာရိုင်းစိုင်းတတ်တဲ့ မာလ်ဖွိုင်းကောင်လေးရဲ့ ဂျစ်တစ်တစ်၊စူပုပ်ပုပ်နဲ့ သူ့ကို ကပ်တက်တက်လုပ်နေတဲ့ ပုံစံကို မြင်လိုက်ရပြန်တော့လည်း စိတ်ရှုပ်နေတာတွေ ပျောက်သွားခဲ့ပြန်တယ်။
"မင်းပြန်လာတဲ့အခါ ကိုယ် မင်းကို ပေးစရာတစ်ခုရှိတယ်"
အမှောင်ဖုံးနေတဲ့ ညစ်ညစ်ညမ်းညမ်း အကြည့်နဲ့ ပြောတဲ့စကားကြောင့် ဟယ်ရီ ကြက်သီးထသွားတယ်။
"ကောင်းပြီ"
သူ့ကို ဖက်တွယ်နေတဲ့ ဒရေကို့ကို ကလော်ထုတ်ပြီး ဟယ်ရီ ဆက်ပြောတယ်။
"မဟုတ်မဟတ်တွေ မဟုတ်ရင် ပြီးတာပဲ"
ဒရေကို့မျက်နှာကြီး စပ်ဖြီးဖြီးဖြစ်သွားတာကြောင့် ဟယ်ရီ သူ့ကို စိတ်ပျက်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ဟယ်ရီ ကိုယ်ပျောက်ဝတ်ရုံခြုံပြီး အိပ်ဆောင်ကိုယ်စီပြန်မနေကြသေးဘဲ ဒရေကိုနဲ့ အတူတူပေါင်းနေတဲ့ လိုတရအခန်းထဲက ထွက်လာခဲ့တယ်။
စနိပ်ရဲ့ရုံးခန်းကို ဟယ်ရီ ဦးတည်လိုက်တယ်။လမ်းမှာ ဘယ်သူနဲ့မှ ဝင်မတိုက်မိအောင် သတိထားပြီး သွားရင်း စနိပ်ရဲ့ ရုံးခန်းတံခါးရှေ့ ရောက်လာခဲ့တယ်။သူ့ကို အမုန်းဆုံးဖြစ်နေတဲ့ ဆရာဆီကဖြစ်ပေမဲ့ ဒရေကို့ အခြေအနေနဲ့ ဗိုဒါမို့တ်ရဲ့ခြေလှမ်းတွေကို သိရတော့မှာမို့ စိတ်လှုပ်ရှားစွာပဲ တံခါးကို ခပ်ကျယ်ကျယ်ခေါက်လိုက်တယ်။ပြန်ဖြေသံ မကြားခဲ့ရဘူး။တံခါးကို သတိနဲ့ဟပြီး အထဲကို စောင်းငဲ့ကြည့်လိုက်မိတယ်။ပြီးမှ သူ့အပြုအမူကို မလုပ်ခဲ့သင့်ဘူးလို့ သိလိုက်ရတယ်။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...