Unicode
ဂရင်ဖင်းဒေါအဆောင်သားတွေနဲ့ စလေသရင်းအဆောင်သားတွေကို ရောနှောသင်ကြားတဲ့ မှော်ဆေးရည်စာသင်ချိန်က ဟယ်ရီ့အတွက် ကိုးရိုးကားယားနိုင်လှတယ်။အဆောင်မတူတဲ့ ကျောင်းသားတွေ နှစ်ယောက်တစ်တွဲ လက်တွေ့စမ်းသပ်ချက်ပြုလုပ်ရတဲ့အခါ ဟယ်ရီက မာလ်ဖွိုင်းနဲ့ တွဲလိုက်ရတယ်။အံ့ဩချင်စရာကောင်းတာက မာလ်ဖွိုင်းကိုကြည့်ရတာ ဟယ်ရီ့ကို ပေးထားတဲ့ ကတိ တည်ပုံရတယ်။ဟယ်ရီမသိရတဲ့ ပြဿနာတွေကြား ဝင်ပါပုံမရတော့ဘဲ ပိုပြီးကျန်းမာလာတယ်၊ပြီးတော့ ကံမကောင်းစွာပဲ တစ်နေ့ထက်တစ်နေ့ ပိုပြီး မာလ်ဖွိုင်းဆန်လာတယ်။ဘာပဲပြောပြော ဟယ်ရီကတော့ မာလ်ဖွိုင်းရဲ့ စော်ကားလှောင်ပြောင်သံတွေကိုပြန်ကြားရလို့ပဲ စိတ်ထဲ သက်တောင့်သက်သာပြန်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့ ခေါင်းကိုက်ချင်စရာ မေးခွန်းတစ်ခုက အစားထိုးပေါ်ပေါက်လာတယ်။မာလ်ဖွိုင်းကို ဟယ်ရီ ဘာလို့ အရမ်း ဂရုစိုက်နေမိတာပါလိမ့်။
"ပေါ်တာ"
ပူဖောင်းတွေပွက်ထနေတဲ့ ဆေးအိုးတစ်လုံးကို မြှောက်ကိုင်ပြရင်း မာလ်ဖွိုင်း ဟယ်ရီ့နာမည်ကို ခေါ်လိုက်တယ်။
"သည်အိုးကို ဘယ်လို မွှေရမလဲ မင်းသိရဲ့လား"
အိုးကို ဖြည်းဖြည်းစမွှေရင်း မျက်နှာမဲ့ပြပြီး ဟယ်ရီ့ကို ဟောက်တယ်။
"မင်း သည်တလော ဘာကို အူကြောင်ကြောင်ဖြစ်နေတာလဲ။ငါမင်းကို ကြည့်လိုက်တိုင်း မေ့မြောနေတာပဲ"
"ဪ...မင်းတောင် ငါ့ကို ခိုးကြည့်နေတတ်ပြီပေါ့"
ဟယ်ရီ ပြန်ဖဲ့လိုက်တယ်။"အခု ငါ့နောက်ကိုလိုက်တတ်နေပြီပေါ့"လို့ ဆက်ပြောလိုက်တဲ့အခါ မာလ်ဖွိုင်းရဲ့ မျက်နှာက ရဲတွတ်သွားပြီး ခေါင်းငုံ့ချသွားတယ်။
"ပါးစပ်ပိတ်ထား ပေါ်တာ"
မာလ်ဖွိုင်း အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလာတော့ ဟယ်ရီက ရယ်နေခဲ့လိုက်တယ်။မာလ်ဖွိုင်းက အဲ့ဒီနောက် ဆေးရည်ကျိုတာကိုပဲ အာရုံစိုက်ဖို့ကြိုးစားတယ်။အမှန်တကယ်တော့ ဟယ်ရီတစ်ယောက် သူကျိုနေတဲ့ ဆေးရည်နာမည်ကိုတောင် မမှတ်မိခဲ့ပါဘူး။ပြီးတော့ မာလ်ဖွိုင်းက သူ့ကို တံတောင်နဲ့ လှမ်းတို့လိုက်တဲ့အခါ ဟယ်ရီ့စိတ်က ဆက်လက် ပျံ့လွင့်နေဖို့ အကြောင်းဖန်လာတယ်။ကြက်သီးထလာသလို ခံစားချက်ကြောင့် ဟယ်ရီ တုံ့ခနဲဖြစ်ပြီး ခေါင်းမော့ကြည့်လိုက်မိတယ်။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...