Unicode
ဝန်းရံနေတဲ့ အမှောင်ထုထဲ မျက်စိအသားကျသွားဖို့ ဟယ်ရီ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။လေဟာနယ်တစ်ခုရဲ့ တိတ်ဆိတ်မှုမျိုးသာမက အစိုးမရမှုတွေရိပ်မိုးနေတဲ့ အမှောင်မိုက်ထဲ ဟယ်ရီ ဒရေကို့ကို မမြင်မကန်း ရှာကြည့်တယ်။
"လူးမို့စ်"
တိုးသိမ်တဲ့ မန္တန်ရွတ်သံအဆုံးမှာ ဟယ်ရီ့ မှော်ကြိမ်လုံးရဲ့ ထိပ်က မီးရောင်လင်းလာတယ်။အခန်းထဲက ရန်သူရဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်မှာကြောက်လို့ အသံမထွက်ဖို့ ယောင်နနကြိုးစားနေခဲ့ပြီးမှ အသံမထွက်ဖြစ်ရင်တောင် မှော်ကြိမ်လုံးက အလင်းရောင်နဲ့ ရန်သူက သူ့ကို မြင်နေမှာပဲလို့ ဟယ်ရီ သိလိုက်တယ်။
အမှောင်ရိပ်ထဲက လှုပ်ရှားနေတဲ့ တစ်စုံတစ်ရာကြောင့် ခြေတစ်ချောင်းကျိုးသွားပြီဖြစ်တဲ့ ကုတင်အကွယ်က ဒရေကို ခပ်ဖြည်းဖြည်း ထကြည့်လိုက်တယ်။ဟယ်ရီ စိတ်သက်သာရာရသွားပြီး သက်ပြင်းချတယ်။ကုတင်က ဒရေကို့အစား မန္တန်ရဲ့ အတိုက်အခိုက်ကို ခံယူပြီး ဒရေကို့ အသက်ကို ကယ်လိုက်နိုင်တယ်။ကိုယ်ပျောက်ဝတ်ရုံကို ချွတ်သိမ်းပြီး ဒရေကို့ဆီ ဟယ်ရီ အပြေးကလေး ရောက်သွားတယ်။ဒရေကိုလည်း ဟယ်ရီ့ကို မြင်တာနဲ့ ကတုန်ကယင် ပြေးဖက်တယ်။
နီးကပ်လာတဲ့ နောက်ထပ် ခြေလှမ်းသံအကြားမှာ ဟယ်ရီ အလျင်အမြန်ပဲ၊ရန်သူကို မှော်ကြိမ်လုံးနဲ့ ချိန်ရွယ်လိုက်တယ်။
"ပေါ်တာ"
လူးစီးယပ်စ်ရဲ့ ရွဲ့တဲ့တဲ့ အသံထွက်လာတယ်။
"ငါတို့ကိစ္စနဲ့ ဝင်ပါတယ်ပေါ့၊ဟုတ်လား"
ဟယ်ရီ့မျက်နှာက မုန်းတီးမှုတွေ ဖုံးလွှမ်းပြီး မည်းမှောင်သွားခဲ့တယ်။
"ဒါက ဘာတဲ့လဲ၊အခု ကိုယ့်သားကိုယ် ပြန်သတ်တော့မယ်ပေါ့"
လူးစီးယပ်စ်က အနုံအဆုံးသော မေးခွန်းတစ်ခုကို ကြားလိုက်ရသလို လှောင်ရယ်ခဲ့တယ်။
"အမှောင်သခင်က သူ့ကို မကျေနပ်နိုင်ဘူး"
လူးစီးယပ်စ် ဒရေကို့ကို မလိုမုန်းထား ကြည့်ပြီး...
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...