Unicode
ပါမောက္ခ ဒမ်ဘယ်ဒေါက ဟယ်ရီနဲ့ ဒရေကိုတို့နှစ်ယောက်ကို ဒရေကို အန္တရာယ်ကင်းသွားတဲ့အချိန်အထိ လိုတရ အခန်းထဲက မထွက်ခိုင်းခဲ့ဘူး။ဘယ်သူမှမရှိတဲ့ အခန်းကျယ်ကြီးထဲ ကောင်လေးနှစ်ယောက် ဘေးချင်းယှဉ်ထိုင်ပြီး နံရံတွေကို ယောင်ချာချာ ငေးကြည့်ရင်း အချိန်ဖြုန်းလေ့ရှိတယ်။တချို့ညတွေမှာ အိပ်မက်ဆိုးတွေမက်လို့ ဟယ်ရီ လန့်နိုးလာတဲ့အခါ ဒရေကိုက သူ့လက်တွေကို ဆုပ်ကိုင်ထားပေးပြီး ပြန်အိပ်မပျော်ခင်အထိ(အထူးသဖြင့် ဒရေကိုပေါ့)တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတတ်တယ်။တချို့သော မနက်ခင်းတွေမှာ သူတို့နိုးလာအခါ လက်ချင်းယှက်လျက်သားဖြစ်နေတာမျိုးလည်း တွေ့ရတတ်တယ်။ရိုးရိုးသားသား ဝန်ခံရရင် ဒရေကိုက သူ့ရဲ့ ရန်သူဟောင်းကြီးတစ်ယောက် ဆိုပေမဲ့ ဒရေကို့ လက်တွေကို ဆုပ်ကိုင်ထားရတာ ဟယ်ရီနှစ်သက်တယ်။သည်အခြေအနေကို လိုတရအခန်းထဲမှာ သူတို့ကို တစ်ရက်တစ်ခါ ဝင်လာတွေ့တတ်တဲ့ ဟာမိုင်အိုနီကို ဟယ်ရီ ရင်ဖွင့်ရင် ဟာမိုင်အိုနီက နင်တို့က ကြင်ဖက်တွေကိုးလို့ ပြန်ပြောတတ်တယ်။
သူဟာ ဒရေကို မာလ်ဖွိုင်းရဲ့ ကြင်ဖက်ဆိုတဲ့ အတွေးက လန့်ချင်စရာကောင်းပေမဲ့ ဟယ်ရီ လက်ခံနိုင်ခဲ့တယ်။ဟယ်ရီ လက်ခံလိုက်ပြီဆိုတာ သိရဖို့ သူ့မျက်နှာအရိပ်အကဲကို အကဲခတ်ကြည့်တာနဲ့ လုံလောက်ခဲ့တယ်ရယ်။ရိုင်းစိုင်းဆဲဆိုတာမျိုးထက် ဟယ်ရီ့ကို ရွတ်နောက်နောက်ပဲ စနောက်တတ်တော့တာမျိုး၊အိမ်မက်ဆိုးမက်တဲ့ညတွေမှာ ဟိုအရင်က ဒရေကို မာလ်ဖွိုင်းလို ဟယ်ရီ့ကိုလှောင်ပြောင်တာမျိုး မလုပ်တော့ဘဲ ဖက်သိပ်ပေးတာမျိုးကြောင့် ဒရေကိုလည်း ဟယ်ရီ့ကို သူ့ကြင်ဖက်အဖြင် လက်ခံလိုက်ပြီလို့ ယုံကြည်လို့ရခဲ့တယ်။
တစ်နေ့မှာ ဟာမိုင်အိုနီတစ်ယောက် လိုတရအခန်းထဲ ဝင်လာပြီး "ရွန်သိသွားပြီ"လို့ ပြောလာခဲ့တယ်။ကောင်လေး နှစ်ယောက် ရင်ထိတ်သွားခဲ့ကြတာပေါ့။
"ဘယ်လိုဖြစ်ပြီးတော့.."
ဟယ်ရီ ဟာမိုင်အိုနီ ကိုမေးလိုက်တယ်။
"ဘယ်သူမှ သိလို့မဖြစ်.."
စကားမဆုံးခင်မှာပဲ သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ ဒရေကို့လက်က တင်းကျပ်သွားတယ်လို့ ဟယ်ရီခံစားလိုက်ရတယ်။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...