1.2K 202 5
Unicode
(T/N-ကျွန်တော် transဖြစ်ခဲ့တဲ့ သည် ficကို အစအဆုံးမဖတ်ကြည့်ဘဲနဲ့ transခဲ့တာပါ။ကိုယ်တိုင်က အမှောင်ခန်းတွေကို ဖတ်နိုင်ပေမဲ့ ကိုယ်တိုင်ရေးဖို့နဲ့ transဖို့ ဝန်လေးပါတယ်။Darry ကို ဖတ်ကြည့်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ transဖြစ်ခဲ့တာပါ။ပြီးတော့ ကျွန်တော်က English သိပ်မကောင်းတာကြောင့်ရယ်၊ပထမဦးဆုံးအကြိမ် transတာကြောင့်မို့လို့ အများကြီး အားထုတ်ရပါတယ်။ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။)
နောက်ထပ် ရက်သတ္တပတ်က ဟယ်ရီ့ကို ဆိုးဆိုးဝါးဝါး နာကျင်စေတယ်။ဒရေကို သူ့ကို ရှောင်သလို သူကလည်း ဒရေကို့ကို ရှောင်နေခဲ့ရတယ်။အသားဖွေးဖွေး စလေသရင်းကောင်လေးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်ထားလိုက်ချင်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားက အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထားဖို့ ပြောခဲ့တဲ့ကြားက သူသာ အနားရောက်သွားရင် ဒရေကို စိတ်ဆိုးမှာ သူမလိုလားဘူး။
စနိပ်ရဲ့ အခြေအနေကလည်း ပိုပြီး ဆိုးလာတယ်။အလွန်အမင်း အားနည်းတာကြောင့် တစ်ခါတလေ စာသင်ခန်းထဲ မေ့လဲကျသွားတဲ့အခါတွေမှာ ရီးမတ်စ်က ခေါ်ထုတ်သွားပေးရတယ်။စလေသရင်း အဆောင်သားအတွက် သံသယဖြစ်ချင်စရာ၊စပ်စုချင်စရာ ဖြစ်မနေဖို့အတွက် စာသင်ချိန်တွေမှာဆို စနိပ်က သူ့အပေါ် အရင်လို ခက်ခက်ထန်ထန်ဆက်ဆံတတ်ပေမဲ့ စာသက်ချိန်ပြီးသွားတာနဲ့ သူ အားတက်​စေဖို့ သူ့ကို အားပေးပြုံးနဲ့ ပြုံးပြတတ်တယ်။
စကားတွေ ဟုတ်တိပတ်တိပြောဖို့ မဟုတ်ပေမဲ့ ရွန့်ကို ဆေးရုံမှာ သူခဏခဏ သွားကြည့်တယ်။သကြားလုံးချိုချဉ်တွေ နေတိုင်းယူသွားကြပြီး သူနဲ့ ဟာမိုင်အိုနီ နှစ်ယောက်သား ဆံပင်နီလွင်လွင်နဲ့ မှဲ့ပေါတဲ့ ကောင်လေးအနားမှာ တိတ်တဆိတ်သွားထိုင်နေတတ်တယ်။ရွန့်ဘက်က ဟိုဟိုသည်သည် စကားစတတ်ပေမဲ့ များသောအားဖြင့် နှုတ်ဆိတ်နေတတ်တယ်။သူငယ်ချင်း သုံးယောက်ကြားမှာတော့ ပုံမှန်အတိုင်းကလေး ပါပဲ။
ခရစ်စမတ်စ်ကာလ နီးကပ်လာပေမဲ့ လူက မြူးကြွကြွဖြစ်မလာဘူး။ဂရင်ဖင်းဒေါ အဆောင်မှာ ချိတ်ဆွဲထားတဲ့ အလှဆင်ပစ္စည်းတွေကြောင့်ပဲ ဖြစ်ဖြစ်၊ကျောင်းခန်းမထဲက နှစ်ပေလောက်အရပ်ရှိတဲ့ နတ်သူငယ်လေးကို ထိပ်ဖျားမှာတင်ထားပြီး မီးအလင်းရောင်တွေ ဆင်ထားတဲ့ ရှစ်ပေမြင့်တဲ့ ခရစ်စမတ်သစ်ပင်ကြောင့်ပဲဖြစ်ဖြစ် ရင်ခုန်တာမျိုး မဖြစ်မိဘူး။ဆန့်ကျင်ဖက်အနေနဲ့တော့ သူ ခြောက်ခြားလွန်းနေခဲ့တယ်။သူ့ရဲ့ တစ်ခုတည်းသော လိုအင်က ဒရေကို့ ပွေ့ဖက်မှုတွေထဲ အပြေးတိုးဝင်တွယ်ကပ်လိုက်ဖို့။ဒါပေမဲ့ သူတို့နှစ်ယောက်လုံးအတွက် ကြံကြံခိုင်နေဖို့ သူ့ကိုယ်သူ သတိပေးနေခဲ့တယ်။
​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now