Unicode
ဒရေကို သူ့ကိုယ်သူ အရူးတစ်ယောက်လို ခံစားရတယ်။ပေကပ်ကပ်နဲ့ မှီခိုလွန်းပြီး ပတ်ဝန်းကျင်အတွက် လူပိုသတ္တဝါတစ်ကောင်အတိုင်းပဲ။ဟယ်ရီ့ကို ထွက်မသွားဖို့ သူ တားခဲ့တယ်။အကျိုးဆက်က အခု လူတွေ အများကြီး သေသွားပြီ။ဟယ်ရီကသာ အခုနေ သူ့ကို မုန်းတယ်လို့ပြောလာရင်တောင် အထူးတလည် အံ့ဩဖို့ မလိုတော့ဘူး။သူကိုယ်တိုင်ကတောင် သူ့ကိုယ်သူ ပြန်မုန်းနေခဲ့တယ်။ပိုဆိုးတာက သူ့ရဲ့ခေါင်းကိုင်အဖေကို ပြန်တိုက်ခိုက်ပြီး ကျောင်းသားတချို့ကိုကျ သေအောင် သူ သတ်လိုက်မိတာပဲ။သတိမေ့သွားရာက ဟယ်ရီ ပြန်မနိုးလာခဲ့ဘူးဆိုရင် သူ အခုထက် လူပိုသတ်မိလောက်တယ်။
သူ မျက်စိစုံမှိတ်ပြီး သက်ပြင်းချလိုက်တယ်။မှောက်အိပ်ပြီး မျက်နှာကို ခေါင်းအုံးပေါ် ရှက်ရှက်နဲ့ အပ်ထားလိုက်တယ်။လက်မောင်းပေါ် ကျရောက်လာတဲ့ အထိအတွေ့ကြောင့် ဆူကြွလာတဲ့ သိမ်ငယ်စိတ်နဲ့အတူ သူ တွန့်ဆုတ်သွားတယ်။
"ဒရေကို"
သူ့ရဲ့ မှော်နက်ခုခံကာကွယ်ရေး ဆရာဟောင်း ရီးမတ်စ် ရဲ့အသံ။တိုးတိုးသာသာပါပဲ။
"အရမ်း ဝမ်းနည်းမနေနဲ့တော့။မင်းရဲ့ အမှား မဟုတ်ဘူး"
သူ ပြန်မဖြေဘူး။သက်ပြင်းချရင်း ဒေါသကို မျိုချလိုက်တယ်။ကိုယ့်ကိုကိုယ် ပြန်မုန်းနေလို့ ဘာပြဿနာမှ ပြေလည်မသွားဘူးလို့ သူ ဟယ်ရီ့ကိုတောင် ပြောခဲ့ဖူးသေးတာ။သူ ခါးသက်သက် ရယ်လိုက်မိတယ်။ဘာ ထူးသေးလဲ။အခု လူတွေ သူ့ကို မျက်မုန်းကျိုးနေကြလောက်ပြီ။သူ့ ခန္ဓာကိုယ် ပုံပြောင်းသွားတာကို အနည်းဆုံးတစ်ယောက်လောက်ကတော့ မြင်သွားခဲ့မှာပဲ။သူ ပြဿနာ အကြီးကြီးလည်း ရှာထားသေးတယ်ရယ်။ဟယ်ရီ့ကိုပါ အမှုပတ်အောင်လုပ်ခဲ့သေးတာ။သူ့ အဖေကို သူနဲ့ ဟယ်ရီက ကြင်ဖက်တွေပါလို့ သူ ပြောခဲ့မိတယ်။
"ပါမောက္ခ စနိပ်"
မျက်ဆံနက်နက်တွေကို ပိုင်တဲ့၊သူ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ လူတစ်ယောက်ကို သူမော့ကြည့်ပြီး...
"ဆရာ့ကို တိုက်ခိုက်မိတဲ့အတွက် ကျွန်တော် တကယ်တောင်းပန်ပါ။ကျွန်တော် ကိုယ်တိုင်လည်း အရမ်းဝမ်းနည်းတယ်"
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...