Unicode
ဒရေကို့ဘေးမှာ (၁၂)နာရီလောက် ပူးကပ်ခွေအိပ်နေခဲ့ပြီးတာတောင် ဟယ်ရီ အရမ်းပင်ပန်းနေခဲ့တုန်း။အားပြတ်နေသလိုပဲ။အဲ့သည်တော့ ပြဿနာက ဒရေကိုဟာ သူ့အတွက်ကံမကောင်းစွာပဲ အအိပ်မမက်တဲ့သူတစ်ယောက်ဖြစ်နေခဲ့တယ်။ရုတ်တရက် လူတစ်ယောက် သူ့ကိုယ်ပေါ် တက်လာတယ်လို့ သူ ခံစားလိုက်ရတယ်။
"ဟယ်.....ရီ"
တကယ့် ဂျီသံ။ဒရေကိုက သူ့နားရွက်ကိုလည်း လျှာနဲ့ လျက်ပြီး ညုတုတုလုပ်နေခဲ့သေးတာ။
"ထတော်မူပါတော့ ခင်ဗျ"
"ချီးထုပ်ကောင်"
အအိပ်ပျက်သွားတာကြောင့် ဟယ်ရီ မာန်မဲလိုက်တယ်။
"မင်းဘာဖြစ်ချင်နေတာလဲ၊အချိန်ကဖြင့်..."
နာရီကို လှမ်းကြည့်လိုက်မိတော့ သူ အရှက်သည်းသွားပြီး စကားမဆက်နိုင်တော့ဘူး။နေ့လယ်ကို ရောက်နေခဲ့ပြီ။"နေ့ခင်း(၁၂)နာရီ" ..သူ့လေသံက ပျော့သွားခဲ့တယ်။ဒရေကိုက ဟယ်ရီ့ မေးရိုးတစ်လျှောက်ကို နှာသီးချွန်ချွန်ကလေးနဲ့ တို့ထိကစားရင်း ခပ်ဖွဖွ ရယ်လိုက်တယ်။ပြီးတော့ ပြုံးဖြီးဖြီးနဲ့...
"ကိုယ်တို့ မနက်ခင်းဟိုဟာ(morning sex😂)လုပ်ကြဦးမလား"
"ဟာသပဲ၊သည်ထက် ပိုပြီး ပွင့်ပွင့်လင်းလင်း မပြောတတ်တော့ဘူးလား"
ဟယ်ရီက ရယ်ရင်း ဒရေကို့ကို သူ့ကိုယ်ပေါ်က ဖယ်ချလိုက်တယ်။
"ပြီးတော့ အခုက မနက်လည်း မဟုတ်တော့ဘူး"
ဒရေကိုက ညစ်ကျယ်ကျယ် အပြုံးနဲ့ ဟယ်ရီ့ကိုယ်ပေါ် ပြန်ခွတက်တယ်။
"ကိုယ် ကြိုးစားကြည့်မယ်လေ"
"မလိုဘူး၊ကျေးဇူးပဲ။ငါ အဆင်ပြေတယ်"
ဟယ်ရီက ဟက်ဟက်ပက်ပက်ရယ်ရင်း ဒရေကို့ကို သိုင်းဖက်ပြီး ရင်ခွင်ထဲ ထည့်သိမ်းတယ်။ကောင်လေးနှစ်ယောက်က ကိုယ့်ဘေးမှာ ယှဉ်တွဲလျက်ရှိနေတဲ့ ချစ်သူရဲ့ဖြစ်တည်မှုကို နှစ်ခြိုက်စွာပဲ ခနကြာအောင် တစ်ယောက်ကို တစ်ယောက် ဖက်ထားခဲ့ကြတယ်။ဟယ်ရီက သူ့ကောင်လေးရဲ့ ငွေဖြူ ရောင်လွလွ ဆံစတွေထဲ မျက်နှာအပ်ရင်း သက်ပြင်းချလိုက်တယ်။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...