ညဘက် လမ်းသလားခြင်း/ညဘက် လမ်းသလားခြင်း

1.2K 192 4
                                    

Unicode

ကုတင်ပေါ်မှာ တစ်ညလုံး သူ ဒေါသ အလိပ်လိပ် ထွက်နေခဲ့တယ်။သူ့ရဲ့ ရွှေရောင်နဲ့ အနီ​ရောင်စပ်ကြားစောင်ပုံထဲ ဘယ်ညာလိမ့်ပြီး အိပ်ချင်လာပါစေ၊အိပ်ပျော်ပြီးတော့ မာလ်ဖွိုင်းကို ခဏပဲဖြစ်ဖြစ် မေ့ပြီး စိတ်ငြိမ်းချမ်းမှု ရပါစေလို့ ဆုတောင်းနေရတယ်။ဒါပေမဲ့လည်း သူ ဘာကြောင့် ဒေါသထွက်နေရတာလဲ။တကယ်တမ်းတော့ အခုလို အနေအထားက အကောင်းဆုံးပဲ မဟုတ်လား။ဒရေကိုက သူ့ကို ကာကွယ်ပေးဖို့သက်သက် ဖန်တီးယူထားရတဲ့ အခြေအနေပဲလေ။

သက်ပြင်းချပြီး သူ နောက်တစ်ကြိမ်ထပ်လိမ့်လိုက်တယ်။စီးမတ်စ်က သူ့ခုတင်ကနေ "မင်းအဆင်ပြေရဲ့လား"လို့ အိပ်ချင်မူးတူးထ မေးတယ်။"ပြေတယ်"လို့ သူပြန်ဖြေတဲ့ လေသံက သူ့နားထဲမှာတောင် အလိမ်အညာဆန်လွန်းခဲ့တယ်။နောက်ထပ် သက်ပြင်းချပြီး အေးစက်စက် ကြမ်းပေါ်ခြေချကာ သူ ထထိုင်လိုက်တယ်။ကိုယ်ပျောက်ဝတ်ရုံကို ဆွဲယူပြီး ခြုံတယ်။ဒါပေမဲ့ ဘယ်သွားရမလဲ မသိပြန်ဘူး။သူ ရောက်နေချင်တဲ့ တစ်ခုတည်းသော နေရာက ခေါင်းအေးအေးနဲ့ ရှေ့ဆက်ဘာလုပ်သင့်လဲ စဉ်းစားနိုင်မယ့် လူသူကင်းတဲ့ သီးသန့်နေရာလေး တစ်ခု။

ဒါပေမဲ့ ဘာဆက်လုပ်ရမလဲ မေးခွန်းအတွက် အဖြေက ရှင်းနေပြန်ရော။အဖြေက ဗိုဒါမို့တ်ကို သတ်လိုက်ဖို့ပဲ။ဒရေကို့စွမ်းအားတွေကို ဗိုဒါမို့တ် လွှဲမယူခင် သူ ဗိုဒါမို့တ်ကို လုပ်ကြံနိုင်မှ ဖြစ်မယ်။သူ သည်လိုလုပ်လိုက်မှပဲ သူနဲ့ ဒရေကို ပြဿနာတွေကြားက ထွက်ပြီး အေးအေးချမ်းချမ်းနေနိုင်တော့မယ်။ပုံတူပန်းချီကားထဲက မိန်းမဝဝကြီးက "မင်း ဘယ်သူလဲ"လို့ အလန့်တကြားအော်ဟစ်သံကို ဂရုမစိုက်ဘဲ သူ အဆောင်ထဲက ထွက်လာခဲ့တယ်။

ကော်ရစ်ဒါတွေမှာ ဦးတည်ရာမဲ့ သူ လမ်းသလားနေဖြစ်ခဲ့တယ်။ကိုယ်ပျောက်ဝတ်ရုံကို သူ ဆွဲချွတ်ပြီး ကျောင်းဝတ်ရုံထဲ ထိုးထည့်သိမ်းလိုက်တယ်။ဘယ်ကိုသွားနေသလဲ ကိုယ်တိုင်တောင် မသိသေးဘဲ ဆက်လျှောက်ဖို့ အလုပ် စနိပ်ရဲ့ လေသံတောင့်တောင့်ကြီး ထွက်လာတယ်။

"ညသန်းခေါင်ကြီး လမ်းသလား နေတယ်ပေါ့ ပေါ်တာ"

သူ့ရဲ့ မှော်နက်ခုခံကာကွယ်ရေး ဆရာကို သူလှည့်မကြည့်ခဲ့ဘူး။သူ စနိပ်နဲ့ မျက်နှာချင်း မဆိုင်ချင်ခဲ့ဘူး။စနိပ်ကို လှည့်ကြည့်ရင် စနိပ်နဲ့ ရီးမတ်စ်ရဲ့ အချစ်ရေးကို သူ သတိရလိမ့်မယ်။သူက လွဲပြီး လူတိုင်းက ချစ်တဲ့သူနဲ့ အီစီကလီလုပ်နိုင်နေတဲ့ ကိစ္စက သူ့အတွက် အခုလောလောဆယ်မှာ အဆင်ပြေမနေဘူး။သူ့ခေါင်းထဲ အတွေးတစ်ခုက ရုတ်တရက် ထွက်လာတယ်။

​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now