Unicode
ထင်ရှားတဲ့ မှော်ဆရာတစ်ယောက်နေတဲ့ အိမ်ကလေးက တိတ်ဆိတ်နေခဲ့တယ်။အထဲမှာလည်း မှောင်အတိ၊နံရံတွေရဲ့ အလွန်ကို ဘာအသံမှ ဖြတ်ပြေးလွတ်မြောက်မလာနိုင်ဘူး။ဒါပေမဲ့ အကြောင်းပြချက်က အိမ်ပတ်လည်မှာ အသံလုံ စည်းချထားတာကြောင့်ပါ။
"အို့ ချီးပဲဟ ဟျောင့်"
ဖိုးရိုးဖားရား ဆံပင်တွေကို လက်တွေနဲ့ ထိုးဖွဆွဲဆုပ်ပြီး ရှင်သန်သူ ကောင်လေး ဟယ်ရီပေါ်တာ ရယ်လိုက်တယ်။စလေသရင်း မင်းသား ဒရေကိုတစ်ယောက် ကိတ်တစ်လုံးလို့ သူ သတ်မှတ်ရဲသေးတဲ့ အပျက်အစီးပုံကို မန္တန်နဲ့ ရှင်းဖို့ မအူမလည်ကလေး လုပ်နေတာကို မြတ်နိုးစိတ်တစ်ဝက်နဲ့ စိတ်ပျက်လက်ပျက်ကြည့်နေရင်းပေါ့။အရယ်မရပ်သေးဘဲ ဟယ်ရီပေါ်တာက သူ့ကောင်လေးဆီကို လျှောက်သွားပြီး ခါးကိုလက်တစ်ဖက်နဲ့ သိုင်းဖက်ရင်း နှာတံပေါ် နမ်းရှုပ်လိုက်တယ်။
"ငါ ပြောသားပဲ၊အသာလေး နေနေပါလို့"
ဟယ်ရီက ခပ်မြူးမြူး ရယ်ပြောတယ်။
"ဟုတ်တယ်။ကိုယ် နေခဲ့ရမှာ"
သူ့ကောင်လေးကို ပြုံးစစကြည့်ရင်း ဒရေကို ပြောတယ်။
"အားလုံး ပြန်သွားပြီးရင် birthday sex လုပ်ချင်လား"
ဟယ်ရီ ရယ်လိုက်တယ်။
"ဒါပေါ့။ဘာလို့ မလုပ်ချင်ရမှာလဲ။ဒါပေမဲ့ ငါ အပေါ်ကနေမှာ၊သည်နေ့ ငါ့မွေးနေ့"
"ရတယ်လေ"
ဒရေကို ရွှင်ရွှင်ပျပျပြောလိုက်ပြီး အရပ်ပုပုနဲ့ ကောင်လေးကို ခပ်တင်းတင်း ဖက်တယ်။ဟယ်ရီ ပြုံးတယ်။သူတို့လက်ထပ်ထားကြတာ အခု ရှစ်နှစ်ထဲ ရောက်ပြီ။ပြီးတော့ ဒရေကို့ အထိအတွေ့တွေ၊အနမ်းတွေကို သူဘယ်တုန်းကမှ မရောင့်ရဲနိုင်ခဲ့သေးဘူး။
ရုတ်တရက် တံခါးခေါက်သံ ကျယ်ကျယ်က သူတို့ကို တန့်လိုက်တယ်။ပြီးတော့ ဒရေကိုက တံခါးဖွင့်ဖို့ သွားတယ်။တံခါး အဖွင့်မှာ ဟာမိုင်အိုနီ နဲ့ ရွန်၊သူတို့ရဲ့ ကလေးနှစ်ယောက် ရို့စ်နဲ့ ဟူဂိုကတော့ ဒရေကို့ကို မြင်လိုက်တာနဲ့ အိမ်ထဲ အော်ဟစ်ပြေးဝင်လာပြီး အချီခိုင်းဖို့ လုပ်ကြတယ်။ရယ်ရယ်မောမောနဲ့ ဒရေကိုက ဟာမိုင်အိုနီကို ပါးကို နမ်းရှုပ်နှုတ်ဆက်ပြီး ရွန့်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။သူနဲ့ ဟယ်ရီ လက်ထပ်ခဲ့ကြကတည်းက သူတို့နှစ်ယောက်လုံးနဲ့ ဒရေကို အလွန်တရာ ရင်းနှီးခင်မင်လာခဲ့တယ်။
YOU ARE READING
ဘောင်ခတ်ပြီးတော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်
Fanfiction❗Myanmar TrANslation❗ Completed,uploaded in both zawgyi and unicode. Unicode ဟော့ဝေါ့စ်ကျောင်းသားဘဝတစ်လျှောက်လုံးက ဟယ်ရီ့အတွက် သာမန်မဟုတ်ခဲ့ပေမဲ့ (၁၆)နှစ်သားအရွယ်ကတော့ သူ့အတွက် စိတ်ရှုပ်ထွေးချင်စရာ အကောင်းဆုံးနဲ့ အဆန်းကြယ်ဆုံးအချိန်ဖြစ်ခဲ့တယ်။ဟာမိုင...