1.8K 232 9
Unicode
(မ​ရေးတတ်ဘဲ ပျက်သွားခဲ့ရင် အကြီးကြီး ​ ​တောင်းပန်ပါတယ်)
#သူငယ်ချင်းမက အားနာပါးနာ​လေး​တောင် ​တောင်းပန်စကားအ​​ပြောမခံခဲ့ရဘူး။
🔥WARNING🔥
တစ်နေ့ ဟယ်ရီ နိုးလာတဲ့အခါ ကုတင်ဘေးက စားပွဲပေါ်ရောက်နေခဲ့တဲ့ စာရွက်တစ်ရွက်ဆီ အကြည့်ရောက်သွားတယ်။သူ့ကို ပွေ့ဖက်ထားတဲ့ ဒရေကို့ ခန္ဓာကိုယ်ကို တွန်းဖယ်ပြီး စာရွက်ကို ဖတ်ကြည့်ဖို့ ကုတင်ပေါ်က ဆင်းလိုက်တယ်။စာရွက်ဟာ ဒမ်ဘယ်ဒေါ ဆီက အကြောင်းကြားစာတစ်စောင် ဖြစ်နေခဲ့ပြီး ဟယ်ရီ့ကို ပါမောက္ခ ဒမ်ဘယ်ဒေါ ပြောထားတာက အပြင်မှာ အရာအားလုံး စိတ်ချရပြီ ဖြစ်တဲ့အကြောင်း၊စလေသရင်း အဆောင်သားတွေက လွဲလို့ ဟယ်ရီ၊ရွန်နဲ့ ဟာမိုင်အိုနီတို့ပဲ ဒရေကို့ အခြေအနေမှန်ကို သိထားတဲ့အကြောင်း၊စလေသရင်း အဆောင်သားတွေကိုလည်း ပါမောက္ခ စနိပ်က သေသေချာချာ နှုတ်ပိတ်ထားပြီးဖြစ်တဲ့အကြောင်း၊အဲ့တာကြောင့် လိုတရအခန်းထဲက ပြန်ထွက်လာနိုင်ပြီ ဖြစ်ကြောင်း...။
စာမှာ ဒမ်ဘယ်ဒေါပြောထားတာတွေကို ဖတ်နေတုန်း ဟယ်ရီ ကျောပေးထားတဲ့ ကုတင်ပေါ်မှာ ဒရေကို့ဆီက လူးလွန့်ညည်းညူရင်း အိပ်ရာထတဲ့ အသံထွက်လာခဲ့တယ်။ပြီးတော့ အညောင်းဆန့်ရင်း ဟယ်ရီ့ကို ဘာစာကြီးလဲလို့ အိပ်ချင်မူးတူးမေးတယ်။ဟယ်ရီ ဒရေကို့ကို စာရွက်ကမ်းပေးလိုက်ပြီး ဒရေကို ဖတ်တာကို ဟယ်ရီ စောင့်ကြည့်နေခဲ့တယ်။မျက်ခုံးထူထူတွေက စာထဲ ဘာမှ ထူးဆန်းတာမပါတဲ့အတိုင်း ပုံမှန်ပဲနေသားတကျနဲ့ စာဖတ်နေရင်း ဒရေကို့မျက်နှာချောချောက ဟယ်ရီ့ကို ရွှင်ရွှင်ပျပျ ပြုံးပြပြီး.."နောက်ဆုံးတော့ အိပ်ဆောင်ကို ပြန်လို့ရပြီပေါ့။ကိုယ့်ကို ဘယ်သူ လာရန်ရှာမလဲ ပူစရာမလိုတော့ဘူး"လို့ လှမ်းပြောတယ်။
ဟယ်ရီ ရောရောင်ပြီး ပြန်ပြုံးပြလိုက်ပေမဲ့ ချက်ချင်းပဲ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်မိတယ်။
"ဒါပေမဲ့ ငါတို့က..."
တစ်စုံတစ်ခုကို ကြောက်လန့်နေဟန်နဲ့ ဒရေကို့ကိုကြည့်ပြီး ဟယ်ရီက တီးတိုး​ရေရွတ်တယ်။
ဘာကြောင့် အခုလိုခံစားနေရသလဲ ဟယ်ရီမသိပါဘူး။ဒါပေမဲ့ သေချာတဲ့အဖြေက ဟယ်ရီ ဒရေကိုနဲ့ ဝေးဝေး မနေချင်ဘူး။
​ဘောင်ခတ်ပြီး​တော့သာ ကြည့်ပါ၊မင်းရဲ့ မြင်ကွင်းထဲ ကိုယ်ဝင်လာခဲ့ပါ့မယ်Where stories live. Discover now