" Hwang Hyunjin!!!!!''
နာမည်အပြည့်အစုံခေါ်မှုနဲ့အတူ ကျယ်လောင်သော အဖေဖြစ်သူရဲ့အသံကြောင့် Hyunjin ပစ္စည်းတွေကို ရိုက်ခွဲနေရာမှ ရပ်လိုက်သည်...
အမေဖြစ်သူမှလည်း သားဖြစ်သူ သောင်းကျန်းတာ ငြိမ်သွားမှ သားဖြစ်သူရပ်နေတဲ့နေရာနား ဆေးသေတ္တာ ဘူးလေး ယူသွားလိုက်သည်...
လက်မှာ ရှရာတစ်ချို့နဲ့အတူ ထွက်နေတဲ့ သွေးစများကို တယုတယနဲ့ သုတ်ပေးနေသည်
Hyunjin ကတော့ ထိုနေရာတွင် ကျောက်ရုပ်ပုံစံမျှသာ ရပ်နေသည်...
အမေဖြစ်သူကတော့ hyunjin ကို အိမ်ယာပေါ်ထိုင်စေကာ ဆေး စနစ်တကျ ထည့်ပေးနေသည်...
"သားရယ်~ ဘာလို့ ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်ရတာလဲ ဒီအမေနဲ့ ဒီအဖေအတွက်ကို မစဥ်းစားတော့ဘူးလားဟင် အမေတို့မှာ ဒီသားလေးတစ်ယောက်ပဲ ရှိတာလေ''
"............''
Hyunjin ကတော့ ဘာမှပြန်မပြော တိတ်ဆိတ်ကာနေနေသည်...
အခန်းပေါက်နား ရပ်နေတဲ့ အဖေ ဖြစ်သူမှ သားဖြစ်သူကို ဆက်ပြောသည်..
"မင်းဘဝက အဲ့လောက်ပဲ တန်တာလားဟမ်!!! မင်းပြောစမ်း ဟွမ်ဟွန်ဂျင်း!!! ဘာမဟုတ်တဲ့ ကောင်လေးတစ်ယောက်အတွက်နဲ့ မင်းဒီလောက်ဖြစ်ဖို့လို့လားဟမ်!!!! မင်းအခုပုံစံကို မင်းကြည့်စမ်း အခု လူနဲ့တူတာ ဘယ်နေရာရှိသေးလို့လဲဟမ်!!''
ဟုတ်တယ် အဖြစ်ပျက်တွေက အရမ်းမြန်ဆန်လွန်းတယ် လွန်ခဲ့တဲ့ တစ်ပါတ်ကထိ ကိုယ့်ပုခုံးလေးပေါ်မှီပြီး ကိုကို ကိုကိုနဲ့ ချစ်စဖွယ်ပြော နေတဲ့ချစ်ရသူက ဒီနေ့ဆို တစ်ပါးသူရဲ့ လင်ယောက်ျားအဖြစ်ကို ပြောင်းသွားခဲ့ပြီ...
အမြဲတမ်း ကိုကို့ကို ချစ်တယ် လို့အမြဲတမ်း တဖွဖွပြောတတ်တဲ့သူက အခုတော့ တခြားသူရဲ့ သတိုးသားအနေနဲ့ ပျော်ပျော်ကြီးကို နေနေခဲ့တယ်...
ဘာတွေလဲ ဘာတွေလဲ တကယ်ကို နားမလည်နိုင်လောက်အောင်ပဲ...
"ငါမင်းကို ယောက်ျားလေးအချင်းချင်းကြိုက်တာတွေကို ပိတ်ပင်မှုမရှိခဲ့ဘူး သြော် ငါ့သားလေးချစ်တာပဲ ငါလည်းချစ်ပေးရမယ်ဆိုတဲ့ အသိနဲ့ ချစ်ခဲ့ပေးတယ် လက်ခံပေးခဲ့တယ် ဒါပေမယ့် မင်းအကောင်လုပ်ရက်ကို မင်းမြင်တယ်မလား ဟွမ်ဟွန်ဂျင်း!!!!!''