Ep 2

3.7K 245 25
                                    

Unicode...

ကားပေါ်တက်ကာ မောင်းသူနေရာထိုင်ပြီး ဘေးခုံမှာ အတက်ချီကေ့စ်ကို ထားလိုက်သည်။ ထိုထဲတွင်ထည့်ထားသည်ကတော့ အရိပ်မဲ့ဆီမှ ကွက်ကျော်သွားသော ငွေများထဲမှ ကျန်သောတစ်ဝက်ဆိုတာ ပြောစရာလိုမည်မဟုတ်ပေ...။

မောင်းဖို့အတွက် စတီယာရင်ကို ဆုပ်ကိုင်လိုက်တော့ တုန်ရီနေသောလက်များက ချွေးစေးများထွက်လာသည်။ ကြောက်ရွံ့မှုထက် စိုးရိမ်မှုက များနေသည်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံး...။

မနက်ကတည်းက သားလေး Gulfကို အဝေးပြေးကားပေါ် ကိုယ်တိုင်တင်ပေးလိုက်သောကြောင့် သားအတွက်တော့ စိတ်ချရပါပြီ..။ မိမိအနေနဲ့ကတော့ အခုသွားပြီးတာနဲ့ ပြန်လာဖို့က မသေချာ...။ သားလေးနဲ့ ဒီတသက်ပြန်တွေ့ရဖို့ မျှော်လင့်ချက်က ရေးရေးမျှတောင်မရှိဘူးဆိုတာ နားလည်ထားသည်...။

ဘာပဲဖြစ်ဖြစ် မိမိသေသွားမယ်ဆိုရင်​တောင် သားလေးဘေးကင်းတာမို့ အသေဖြောင့်နိုင်ပါသေးသည်လေ...။

တဖြည်းဖြည်းမောင်းလာရင်း အရိပ်မဲ့ ချိန်းထားသော "Sweet Dream" Hotel ကိုရောက်လာသည်..။ S.D Hotel က အရိပ်မဲ့ပိုင်သော နေရာတစ်ခုဆိုတာ မေးမကြည့်ပဲသိနိုင်ပေသည်..။

ဘာကြောင့်လဲဆိုတော့ အရိပ်မဲ့ဆိုတာ သူများပိုင်နက်မှာ ဘယ်တော့မှမလှုပ်ရှား၊ ဘောင်မကျော်တတ်သူပေ..။ သူချိန်းသောနေရာ၊ သူရှိသောနေရာသည် သူပိုင်နက်သာဖြစ်သော​ကြောင့်ပင်...။ ထို့ပြင် သူ့ပိုင်နက်ကို နယ်ကျော်လာရင်လည်း သည်းခံလက်ပိုက်ကြည့်နေတတ်သူမဟုတ်ပေ...။

Hotel ရှိ ကားပါကင်တွင် ထိုးရပ်လိုက်ကာ ဝင်ပေါက်မှတဆင့် ဝင်လိုက်သည်...။ ထိုမှတဆင့် ဝင်ပေါက်ကို ကျော်လွန်ကာ Reception ကိုလွန်တော့ နောက်ဘက်တွင် လျှို့ဝှက်ပေါက်တစ်ခုရှိသည်..။

တကယ်တော့ Hotelက ဗန်းပြထားသော စီးပွားရေးနဲ့ အပန်းဖြေရုံသတ်သတ်သာဖြစ်ပြီး အဆိုပါ လျှို့ဝှက်ပေါက်မှ ဝင်လိုက်မှသာ အရိပ်မဲ့၏ လျှို့ဝှက်စခန်းကို ရောက်နိုင်ပေသည်..။ ချောင်ကျသောနေရာဘက်တွင်ရှိသောကြောင့် သာမန်လူတော်ရုံနှင့် မမြင်နိုင်ပေ..။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now