Ep 13

2.9K 194 50
                                    

Unicode...

နေ့လည်ရောက်နေပြီမို့ အလင်းရောင်လေးတွေက အတွင်းထဲထိုးဖောက်လာနေပြီဖြစ်သည်။ နေ့လည်စာစားဖို့ရန်အတွက် Hotelဘက်ကိုမသွားတော့ပဲ သူတို့နေတဲ့လျှို့ဝှက်စခန်းဘက်က ထမင်းစားခန်းကိုသာ လာခဲ့လိုက်တော့သည်။ အေးအေးဆေးဆေးစားလို့ရအောင်လည်းပါသည်ပေါ့...။

ထမင်းစားခန်းထဲရောက်ခါနီးတော့ ပါလာတဲ့အမှတ်စဥ် ရှစ်နဲ့ တစ်ဆယ်ကို စောင့်ပေးစရာမလိုကြောင်းနဲ့ မိန်းကလေးခေါင်းဆောင်ပွေဖိုင်းကို စားစရာလာပို့ရန်လွှတ်ပေးလိုက်ဖို့ မှာလိုက်သည်။ Gulfကတော့ ထမင်းစားခန်းကို ​တောင်ကြည့်မြောက်ကြည့်...။ ဟုတ်တာပေါ့...သူက စားရင် Hotelဘက်က အခန်းမှာသွားစားနေကြဆိုတော့၊ ပြီးတော့ မှတ်မှတ်ရရ ဒီထမင်းစားခန်းထဲ ထမင်းအတူစားဖူးတာ ဒါပထမဆုံးပါပဲ...။

သူ့ကို ဒီကိုတမင်ခေါ်မလာမျိုးတော့ မဟုတ်၊ အရင်က အလုပ်ရှုပ်တာတွေရော၊ ခရီးသွားရတာတွေ၊ တိုက်ရခို​က်ရနဲ့ ထမင်းက အဆင်ပြေသလိုသာစားဖြစ်တာမို့ သူ့အတွက်ကကျတော့ ဝန်ထမ်းတွေကို ဂရုစိုက်ပေးခိုင်းထားတာဆိုတော့ ဒီကိုတကူးတက မလာဖြစ်တာပင်...။

Gulf တော်တော်သဘောကျနေမိသည်။ အရိပ်မဲ့လို လူတစ်ယောက်ရဲ့ထမင်းစားခန်းကို အမည်းရောင်နံရံနဲ့ ကြောက်ကြောက်လန့်လန့်ပုံစံမျိုးလိုထင်ထားမိတာမို့...။ ခုတော့ မထင်ထားတဲ့ပုံစံ...နံရံက အပြာရင့်ရောင်လေးကိုမှ အဖြူလေးနဲ့ယှက်ထားကာ လွင်လွင်လေးဖြစ်နေပြီး ပန်းချီခြယ်ထားသလို ရေလှိုင်းတွန့်ပုံစံလေးတွေပါဆွဲထားတာမို့ တော်တော်လေးမျက်စိကြည်မဲ့ ဒီဇိုင်းပုံစံလေးပင်...။

ဟင်...ဝင်ပေါက်ကနေ အထဲကိုဝေ့ကြည့်လိုက်ရင်းမှ ညာဘက်ကိုမျက်စိရောက်တော့ အံ့သြသွားမိသည်။ အကြောင်းမှာ သူ့ပုံကိုတွေ့လိုက်သောကြောင့်ပင်...။ မဂ်လာပွဲလုပ်သည့်နေ့က ပုံလေးဆိုတာကို အဝတ်အစားကိုကြည့်တာနဲ့ ကျွန်တော်သိသည်။ အံ့သြကာ ပုံလေးရှေ့သွားရပ်ကြည့်မိသည်။ ဝါး...ဓာတ်ပုံမဟုတ်ဘူးလေ..ပန်းချီ..ပန်းချီပဲ...။

တကယ်ကို အခန်းဝမှာ ရပ်ကြည့်တော့ ဓာတ်ပုံလို့ထင်ရလောက်အောင်လုံးဝသေသပ်လွန်းတာမို့ ပန်းချီလို့ကိုမထင်မိ...။ အနားကွပ်ထားသောရွှေရောင်ဘောင်လေးကနေမှ အတွင်းကဆေးသားတွေကိုပါ ပွတ်သပ်ကြည့်မိသည်။ ဆီဆေးမို့လား မသိ..တောက်ပြောင်ကာ အရောင်ကအရမ်းလှလွန်းသည့်အပြင် ပညာရှင်ရဲ့ အစွမ်းနဲ့ပါပေါင်းလိုက်တော့ လုံးဝအနှိုင်းမဲ့...။ ကျွန်တော်ကိုယ်တိုင်ကချောတာလည်းပါတာမို့လို့နေမှာ..ဟီး...။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now