Ep 12

3.1K 194 23
                                    

Unicode...

ဝေလီဝေလင်းအလင်းရောင်လေးက အရိပ်မဲ့ရဲ့ချောမောနေမှုကို ဖြည့်စွက်ပေးနေလေသည်။ အပြင်ဘက်မှာမို့ ငှက်ကလေးတွေအသံကိုလည်းကြားနေရသည်မို့ ကြည်နူးဖွယ်ကောင်းနေသည်က အမှန်...။

လမ်းလျှောက်နေရင်း Gulfက အရိပ်မဲ့ကို လှည့်ကြည့်ကာ

"P'Mew ကျွန်တော့်အိပ်မက်ကိုပြောပြချင်လို့"

"အင်း အခန်းထဲရောက်ရင်ပြောလေ၊ ကိုယ်နားထောင်ပေးမယ်"

"ဟုတ်"

အပြင်ကပြန်လာပြီး ပင်ပန်းလာပေမဲ့လည်းသူ့စကားကိုအလေးနက်ထားပြီးနားထောင်ပေးမည့် အရိပ်မဲ့ရဲ့ချစ်ခြင်းတွေကို သူခံစားမိနေသည်ကိုတော့ ဝန်ခံပါသည်။

အရိပ်မဲ့ Gulf ပုခုံးလေးကိုဖက်လာရင်း အခန်းဆီတဖြည်းဖြည်းလျှောက်လာခဲ့သည်။ မနက် ငါးနာရီကျော်ကျော်မို့ ဝေလီဝေလင်းအချိန်လို့ပြောလို့ရလောက်ပေသည်။ သို့ပေမဲ့ အရမ်းကြီးမှောင်မနေတာမို့ လှုပ်ရှားရိပ်တွေကိုတော့ မြင်နေရပေသည်။ သူတို့အခန်းဆီပြန်လာနေပြီမို့ အမှတ်စဥ်တွေလည်းပြန်နားကြတော့သည်။

Gulfမှမဟုတ်၊ အမှတ်စဥ်တွေလည်း Gulfကိုစောင့်နေပေးရင်း ကောင်းကောင်းမအိပ်ရသေးဘူးမို့လား...။ မသိစိတ်က ချစ်မှန်းမသိချစ်နေပြီး ဆရာ့ကိုစိတ်ပူလို့အိပ်မပျော်နိုင်တဲ့ အကိုလေးကိုကြည့်ပြီး သူတို့လည်းအိပ်မရနိုင်ဘူးလေ...။

အခန်းထဲရောက်တော့ အရိပ်မဲ့ အပြင်မှာတိုက်ခိုက်ရတော့မည်ဆို ဝတ်သွားလေ့ရှိသော ကိုယ်ကျပ်အကျီအနက်ရောင်နဲ့ လက်အိတ်များ ခြေအိတ်များအားလုံးချွတ်ပြီး ပေါ့ပေါ့ပါးပါးလေးလဲဝတ်လိုက်သည်။ ကိုယ်တော်လေးကတော့ အပြင်မသွားရတာမို့ အကျီမလဲတော့ပဲ ကုတင်ပေါ်တန်းလှဲတော့သည်။

ကျွန်တော်ခုတလောသတိထားမိလာတာ...Gulf တဖြည်းဖြည်းပြောင်းလဲလာသလိုပဲ..။ သူကျွန်တော့်ကို ချစ်ပေးနိုင်အောင်ကြိုးစားပေးမယ်ဆိုတာထင်ပါရဲ့...။ ဒါပေမဲ့ ဒါကသူတမင်ကြိုးစားပြီးပြောင်းလဲပေးနေတာလား...မသိစိတ်ကအလိုလိုပြောင်းလဲလာတာလားတော့မသိ...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အပေါ်သူ့ခံစားချက်တွေပြောင်းလဲလာဖို့ မျှော်လင့်နေရတာမို့ တမင်လုပ်ယူခြင်းမဟုတ်ပဲပြောင်းလဲတာမျိုးဆို သိပ်ကောင်းမှာပဲလို့ တွေးမိတာက အတ္တကြီးတယ်လို့ခေါ်နိုင်မလားပဲ...။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now