Ep 8

3.2K 194 16
                                    

Unicode...

"သူက မိန်းကလေးလေ၊ သူဒီလောက်ကြောက်နေတာ၊ ထပ်ပစ်လဲ ထပ်လွဲနေအုံးမှာပဲ...နော်"

"ကျစ် ဟာကွာ...မင်းအသာနေ၊ ဟေ့ ဟိုတစ်ယောက်ပစ်တော့"

"ဒိုင်း"  "ဟင်"

ပစ်တော့ဆိုတာနဲ့ ခလုတ်ကိုကွေးချလိုက်သော သူမလက်များကတုန်ရီနေသလို Gulf ကျယ်လောင်သော သေနတ်သံကြောင့် လန့်သွားကာကိုယ်လေးတုန်သွားတာမို့ အရိပ်မဲ့ဆွဲဖက်ထားလိုက်သည်။ Gulf အရိပ်မဲ့ ရင်ခွင်ထဲဝင်ကာ ခါးကိုတင်းကြပ်စွာဖက်ထားမိသည်။

ဖက်ထားရင်းမှ ဒီဘက်ကိုပြန်လှည့်တော့ စောစောကလူက ရင်ဘတ်မှာအနီကွက်လေးစွန်းကာ ကြမ်းပြင်မှာခွေကျနေသည်။ ဘေးမှာပန်းသီးလေးက ပိုင်ရှင်မဲ့စွာ လိမ့်လို့...။ ကောင်မလေးလက်ထဲက သေနတ်ကို အမှတ်စဥ်တစ်ယောက်က ယူလို​က်သည်။ သူမ လူကိုမပစ်ချင်ပါ၊ သို့ပေမဲ့ ပန်းသီးကိုဒီတစ်ခါမှမမှန်ရင် သူမ သေရတော့မည်လေ...။ ထို့ကြောင့် ပစ်မလွဲသည့်လူကိုသာပစ်ရတော့သည်။

"မင်းနားလို့ရပြီ"

"ဟုတ်..ဟုတ်ကဲ့ သူဌေး"

ဖက်ထားသောသူလေးက ခုထိမလွှတ်ပေးသေး...။ အရိပ်မဲ့ရယ်...ခင်ဗျားတော်တော်လက်ယဥ်တာပဲ...။ လူတစ်ယောက်ရဲ့အသက်က ခင်ဗျားရှေ့မှာတန်ဖိုးမရှိတော့သလိုပါပဲလား...။
ထိုစဥ် အရိပ်မဲ့ကို အမှတ်နှစ်(Mild)က အစီရင်ခံသည်။

"ဆရာ ခုသေသွားတဲ့လူမှာမိသားစုရှိသေးတယ်ဆရာ၊ မိန်းမနဲ့ သမီးလေးပါ"

"သမီးက ဘယ်အရွယ်လဲ"

အရိပ်မဲ့ Gulfခါးလေးကို ကိုင်ထားရင်းပြန်မေးသည်။

"တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူပါဆရာ၊ အရင်ကလို နေရာချထားပေးဖို့ ကောင်မလေးကရည်းစားဘာညာမရှိဘူး"

"အဲ့ဒါဆို သူ့အမေကိုစားဝတ်နေရေးအတွက် လုံလောက်​အောင်ငွေထုတ်ပေးလိုက်၊ ကောင်မလေးကို မင်းယူလိုက်"

"ဗျာ"

"လာGulf သွားမယ်"

အရိပ်မဲ့ကတော့ ထွက်သွားပြီး ဖြစ်ပေမဲ့ကျန်ခဲ့တဲ့အမှတ်နှစ် ခေါင်းကုတ်နေသည်။ လူပျိုကြီးမို့ ဒီလိုအပြောခံရတော့ ဘေးကအမှတ်စဥ်တွေပါပြုံးစိစိဖြစ်ကုန်ကြပေမဲ့ အရိပ်မဲ့ရှေ့မှာ မရယ်ရဲတာမို့ ထွက်သွားမှ အသံထွက်လာပြီးအမှတ်နှစ်ကို စကြတော့သည်။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now