Unicode...
"ဟိုမှာ ဆရာ့ကိုမှန်သွားပြီလေ၊ ဟေ့ပစ်ကြ အသေပစ်ကြ အမှတ်စဥ်တွေ"
အရိပ်မဲ့အခြေအနေကိုလှမ်းမြင်ရသောကြောင့် အမှတ်တစ်က အားလုံးကိုအမိန့်ပေးသည်။ ဆရာက ဆင်းလိုက်ခဲ့ဖို့မပြောခဲ့တာမို့ မချိတင်ကဲနှင့် သဘော်ကြီးပေါ်ကသာနေပြီး သေနတ်ထဲကျည်ကုန်သွားသည်နှင့် မဂ္ဂဇင်းကဒ်ထုတ်မလဲတော့ပဲ လွှင့်ပစ်ကာ နောက်တစ်လက်ကောက်ယူပစ်ကြသည်။
အရိပ်မဲ့မှာလည်းလှေမလှော်နိုင်တော့..၊ ပုခုံးစွန်းမှ လက်မောင်းတလျှောက်စီးလာသောသွေးတွေက လက်ကောက်ဝတ်ထိရောက်လာသည်။ ဒဏ်ရာကိုလည်းဖိထားရပြီး Gulfကိုစိုးရိမ်နေမိပြန်သည်။ ကျည်ဆံတွေ၊ သေနတ်တွေကြားထဲ ကူးနေသောကောင်လေးက ရဲတွေနားရောက်လုပြီ..။ အရိပ်မဲ့လှေကလည်း ရေစီးရာဘက်လူးလွန့်နေသည်။
ထိုစဥ်
"ဒိုင်း" "အာ့"လက်မောင်းရင်းကိုလာမှန်ပြန်သည်။ ကျစ်..ခွေးသူတောင်းစားရဲတွေကတော့...။ အမှန်ဆို ရဲတွေကြား ဗုံးချလိုက်ရုံနဲ့ ခဏလေးဆိုပွဲသိမ်းမည်မှန်သော်လည်း ကောင်လေးက ကြားထဲမှာမို့ သူ့ကိုထိမည်စိုးကာ မလုပ်ရက်တာကြောင့် ရဲတွေဒီလောက်ခံသာနေခြင်းဖြစ်သည်။ မဟုတ်လို့ကတော့ ခွေးမသားရဲတွေအလောင်းတောင်မြင်ရမှာမဟုတ်ပဲ တစစီဖြစ်မှာအသေအချာ...။
"သဘော်ကိုရပ်ထားဟေ့၊ အမှတ်စဥ်တွေအကုန်ဆင်းမယ် လက်နက်တွေပါယူ"
ဆရာကိုအလွန်ချစ်သော အမှတ်တစ်နဲ့ နှစ်က လက်မောင်းရင်းကိုထပ်မှန်သွားမှန်း လှမ်းမြင်နေရသောကြောင့် မနေသာတော့...။ ဆရာ့စကားနားမထောင်တာက ဆရာ့ကိုမလေးစားလို့မဟုတ်ဘူးဆိုတာတောင်းပန်ပြီး ဆင်းမလာခဲ့ဖို့ပြောတာကို လွန်ဆန်ကြတော့သည်။
လှေကိုယ်စီနဲ့ဆင်း၍ ဆရာ့နောက်လိုက်ကာ ရဲတွေကိုပြန်ပစ်ကြတော့သည်။ ပွဲကကြမ်းသထက် ကြမ်းလာသလို အရိပ်မဲ့မှာလည်း ဒဏ်ရာနှစ်ခုနဲ့မို့ အားတင်းထားရသည်...။ လက်တစ်ခုလုံးစီးကျနေသောကြောင့် စိုရွှဲနေသောသွေးများက ရေလောင်းထားသည့်နှယ်...။
အမှတ်စဥ်တွေမျက်နှာမှာလည်း ဒေါသရိပ်အပြည့်...ဆရာ့မျက်နှာတစ်ချက်အညှိုးမခံပဲ သစ္စာခံလာသောသူတို့အတွက် ခုအခြေအနေက မခံစားနိုင်စွာ...မယုံကြည်နိုင်စွာ...။
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...