Ep 20

2.3K 164 39
                                    

Unicode...

"ဟေ့ လက်နက်ချလိုက်ကြပါ၊ ငါတို့အင်အားကမင်းတို့ထက်များတယ်နော်"

တစ်ဖက်ကအရာရှိပြောတဲ့စကားကို အရိပ်မဲ့လျစ်လျူရှုလိုက်ပေမဲ့ သွားနေရင်း အမှတ်ခုနစ်က လှမ်းအော်လိုက်သည်။

"သေရင်သာ အသေခံမယ်၊ ငါတို့ကဘယ်တော့မှ အရှုံးမပေးဘူးကွ ရော့ကွာ"

ပြောပြောဆိုဆို အမှတ်ခုနစ်က စပြီးပစ်ချသည်။

"အာ..ခွေးမသားတွေ ပစ်"

"ဒိုင်း"      "ဒိုင်း"    "သေစမ်း"

အရာရှိကလည်း အမိန့်ပေးတော့ သေနတ်ပါလာသော သူတို့ဘက်ကလည်းပစ်ခတ်ကြတော့သည်။ သူပြန်ကိုယ်ပြန်ပစ်ရင်း မြေအောက်လမ်းကိုရောက်ရန် အရိပ်မဲ့တို့ပြေးကြရသည်။ မြေအောက်လမ်းကိုရောက်သွားပါက တံခါးပိတ်ချလိုက်လျှင် လွတ်မည်ဖြစ်တာကြောင့် တင်းခံကာ ပစ်ခတ်နေကြခြင်းဖြစ်သည်။ အခုက တိုက်စစ်မဟုတ်ပဲ ခံစစ်သဘောမျိုးဖြစ်နေသည့်အပြင် အင်အားများနေသောသူတို့က တပန်းသာနေတာကြောင့် နောက်ကတွေ့သမျှ ရဲတွေအကုန်ပစ်ချဖို့သာလုပ်ရတော့သည်။

"ရွှီ"     "ဒိုင်း"      "အား"

"သေစမ်း အမျိုးယုတ်တွေ"

ကျဥ်းကျဥ်းကျုတ်ကျုတ်နေရာလေးမှာ ပစ်ကြရင်း အမှတ်ကိုးလက်မောင်းကို ကျည်ဆံဖောက်သွားခဲ့သည်။ မမှု...ဒါမျိုးလောက်နဲ့ သေခါနီးလိုဖြစ်ပြနေလို့မရ..၊ ဆရာနဲ့ အကိုလေးတို့ကို အသက်ဘေးလွတ်သည်အထိ ကာကွယ်ရပေမည်။ လက်မောင်းကသွေးတစက်စက်ကျလာသောနေရာကို ဖိကိုင်ကာ ဆက်ပစ်ရင်းပြေးသည်။

"ဟေ့ လိုက်ကြ ဆက်သာလိုက်"

တဖြည်းဖြည်းတစ်တောင်အကွာနီးကပ်လာကာ သတ်ပုတ်ရမည့်အခြေအနေရောက်လာသည်။ ကျဥ်းကျပ်လှသောနေရာလေးမှာ တိုက်ရသည်မှာမကောင်းလှသော်လည်း အရိပ်မဲ့တို့တပန်းသာနေသည့်အချက်က ဒီနေရာသည် သူ့ပိုင်နက်ဖြစ်နေခြင်း...။

"ယားစ်"    "ယိ"    "ဇွက်"

"ခွပ်"     "ဖြောင်း"

လုံးထွေးသတ်ပုတ်ရာတွင် မိရင်မိသလို ဓားမြှောင်များပါသုံးသဖြင့် ရဲအရေအတွက်နည်းလာသည်။ အပြင်မှာသုံးဆယ်လောက်ချန်ထားပြီး အတွင်းထဲနှစ်ဆယ်ခန့်ဝင်လာသည့်အနက် ဆယ်ယောက်ကျော်ကျော်လောက်ပြုတ်သွားကြပြီး အမှတ်စဥ်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်မရသေးတာ​ကြောင့် အရိပ်မဲ့တို့ဘက်က  အခြေအနေကောင်းလာသည်ဟုဆိုရပေမည်။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now