Ep 14

2.8K 189 20
                                    

Unicode...

တွေ့ဆုံခန်းက ပြန်လာတဲ့လမ်းတစ်လျှောက်မှာလည်း အရိပ်မဲ့ခေါင်းထဲမှာ အတွေးပေါင်းများစွာ ယှက်ပြေးနေသည်။ လိုက်မမှီနိုင်လောက်အောင် မြင့်မားလွန်းသည့်ပြဿနာကိစ္စရပ်မဟုတ်သော်လည်းပဲ လွယ်မယောင်နဲ့နက်နေသော ပုစ္ဆာတစ်ပုဒ်မို့ မှန်ကန်သည့်အဖြေရဖို့ တိကျသေချာသောပုံသေနည်းကို ထုတ်ဖို့လိုအပ်နေတာတော့ အမှန်ပင်...။

"ခစ် ခစ် လာလေဒီဘက်ကို လာ လာ"

"ဟင်"

ရယ်သံလွင်လွင်လေးတစ်ခုကို ကြားလိုက်ရ၍ ပြုံးမိသွားသည်။ အံ့သြခြင်းတော့မဖြစ်မိ၊ ဒါဟာ တစ်ယောက်သောသူကလွဲလို့ ဘယ်သူရှိအုံးမှာလဲ...။ သို့ပေမဲ့ ဒီလိုမျိုးတခစ်ခစ်နဲ့ ဟက်ပက်ပက်ရယ်တာမျိုးမကြားဖူး၍ ကြည်နူးပြုံးတော့ ပြုံးမိသွားသည်။

တဒဂ်လေးမှာ ခံစားလာရတဲ့စိတ်ရှုပ်မှု၊ ဒေါသဖြစ်မှုတွေကြား ကြည်နူးမှု၊ စိတ်ကျေနပ်မှုတွေက အစားဝင်လာသည်။ ရောက်​ရာနေရာကနေ အသံလေးကြားရာဆီ ခြေလှမ်းကအလိုလိုရောက်သွားသည်။ ဟော...တွေ့ပါပြီ၊ ဝရံတာလက်ရန်းလေးဆီသွားသောတံခါးပေါက်လေးမှာ ငုတ်တုတ်လေးထိုင်ကာ ပျံသန်းလိုက်၊ လာနားလိုက်လုပ်နေသော ခိုလေးများကို အစာကျွေးနေတဲ့ မြင်ကွင်းလေး...။

လူငယ်ဆန်ဆန် လက်ပြတ်အကျီအဖြူလေးကို မီးခိုးရောင်ဖျော့ဖျော့ဒူးတိဘောင်းဘီလေးနဲ့ တွဲဝတ်ကာ သူရဲ့မူပိုင်ဖွာကျနေတဲ့ ဘေးခွဲဆံပင်လေးပုံလေးက ဘယ်လောက်​တောင် ချစ်စရာကောင်းနေလိုက်တာလဲ...။ တိတိကျကျဆိုလျှင် အရင်က ဒီအင်ပါယာမှာ ဒီလို ချစ်စရာကောင်းတဲ့မြင်ကွင်းမျိုးမရှိတာအမှန်...။ ဘာကြောင့်လဲ၊ အဖြေက ရှင်းရှင်းလေးရယ်ပါ...ခိုမရှိလို့မဟုတ်၊ Gulf ဆိုတဲ့ ကောင်လေးမရှိသေးခင်မို့ပေါ့...။

ခိုဆိုတဲ့ ငှက်သတ္တဝါလေးတွေက အရိပ်မဲ့ရဲ့  အဓိကဖြစ်တဲ့ ဘန်ကောက်ကဒီအင်ပါယာအပြင် ထိုင်းနိုင်ငံအနှံ့ မြို့ပေါင်းစုံရှိလက်ခွဲစခန်းများတွင်ပါ မွေးမြူထားလေသည်။ ရာထောင်နှင့်ချီသော ဒီခိုလေးတွေရဲ့ တစ်ခုတည်းသောတာဝန်က စခန်းများအကြားဆက်သွယ်ရေးစာပို့သမားလေးများအဖြစ်နဲ့ပေါ့လေ...။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now