Ep 15

2.8K 179 16
                                    

Unicode..

(မီးအိမ်အနီရောင်လေးကို မှိန်မှိန်လေးထွန်းပေးထားတာမို့ မကြိုက်ရင်ကိုယ့်ဘာသာမီးပိတ်လိုက်ကြပါနော်🤗၊ အဲ့...အဲ့ ပိတ်တယ်ဆိုတာ ကျော်ဖတ်ခိုင်းတာနော်၊ Foul ထုခိုင်းတာဟုတ်ဘူး😒😁)

Hotel အပေါ်ဆုံးထပ်ဝရံတာတွင် သူဌေးဖြစ်သူနဲ့ သူ၏ချစ်ရသူအကိုလေးတို့ ယုယစွာနမ်းနေသည့်မြင်ကွင်းလေးကိုတော့ မည်သည့်အလုပ်သမားဝန်ထမ်းမှ မြင်လိမ့်မည်မဟုတ်ပေ...။ ခိုလေးတွေလည်းပျံသွားကြလေပြီမဟုတ်လား...၊ လွတ်လပ်နေသောနှစ်ယောက်သာကျန်ရှိတော့သောအခါ...

ထိကပ်နမ်းရှိုက်နေတော့ Gulf ငြိမ်နေပေးရာမှ အရိပ်မဲ့က လျှာလေးဝင်ရောက်ဖို့ကြိုးစားနေတာမို့ သူနှုတ်ခမ်းလေးကို ခပ်ဟ,ဟလေးဖွင့်ပေးလိုက်သည်။ မဟုတ်ရင်လည်း အရိပ်မဲ့က ကိုက်ပြီးဖွင့်စေမှာပဲမို့ အလိုက်သင့်ပဲ ဖွင့်ပေးထားတာပင်...။ ခံတွင်းထဲလျှာလေးက ကျူးကျော်ရောက်လာတော့လည်းငြိမ်မနေပဲ မွှေနှောက်ပြေးနေပြန်သည်။ အသက်ရှူမဝဖြစ်လာတော့ အရိပ်မဲ့ရင်ဘတ်ကို Gulf မသိမသာလေးတွန်းလွှတ်မိသည်။

အရိပ်အကဲသိသည့်အလျောက် Gulfကိုနမ်းနေရာမှလွှတ်ပေးကာ မျက်နှာလေးကိုပြန်ကြည့်တော့ အသက်လုရှူနေသောကောင်လေးက တစ်မျိုးလေးဆွဲဆောင်မှုရှိနေပြန်သည်မို့ အရိပ်မဲ့မြတ်နိုးမှုများက တိုးလာရသည်။ အတန်ငယ်မောသွားဟန်ရှိသော ကောင်လေးကို အရိပ်မဲ့ဒူးကွေးနဲ့ ပုခုံးမှမ,ကာ အခန်းတွင်းသို့ ပွေ့ချီခေါ်​ဆောင်လာခဲ့သည်။

တကယ်​တော့ ဒီအခန်းကHotel ဝရံတာနောက်ကအခန်းမို့ သူတို့အိပ်ခန်းမဟုတ်သော်လည်း နားနေခန်းအလွတ်အနေနဲ့မို့ အိပ်ခန်းလိုပင် အပြည့်အစုံရှိသည့်အပြင် ဘေးပတ်လည်က မှန်ပြတင်းများစွာနှင့်မို့ အလင်းရောင်ကောင်းစွာရသည်ဆိုတာထက်ကို ပိုနေသည်။ ထို့ကြောင့် Gulfကို အိပ်ရာထက်ညင်သာစွာတင်ပေးပြီးတော့ ကျွန်တော်မှန်ပြတင်းလိုက်ကာများကို ဆွဲချလိုက်တော့ နံနက် 10:00 ဝန်းကျင်အချိန်လေးမှ ညအချိန်သဖွယ်ဖြစ်သွားတော့သည်။

ထို့နောက် ကုတင်ထက် ခပ်လျောလျောထိုင်နေသော ကလေးဆီပြန်သွားကာ အပေါ်မှအုပ်မိုး၍ ထပ်မံနမ်းရှိုက်လိုက်ပြန်သည်။ အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်တော့ အလိုက်သင့်ပင် အကောင်ပေါက်က သူ့အပေါ်နှုတ်ခမ်းသားကိုပြန်လည်စုပ်ယူလာတာမို့ ကျေနပ်မိပြန်ပါသည်။ ပြန်နမ်းပေးလာသောကောင်လေးကို အနားပေးဖို့ နှုတ်ခမ်းထက်က အနမ်းမိုးလေးတွေကို ပါးပြင်၊ နဖူး၊ မေးစေ့နဲ့ နှာခေါင်း မျက်နှာအစိတ်အပိုင်းအားလုံးသို့ တလှည့်စီပြောင်းလိုက်သည်။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now