Unicode...
"ဟေ့ မင်းက ငါခေါ်ခိုင်းတာကို ငြင်းရဲတယ်ပေါ့လေ"
တိကျပြတ်သားနေသော ဒေါသသံနှင့် ပြောပြာဆိုဆိုဝင်လာသော အရိပ်မဲ့ကို ဒရင်းဘတ်မှာ လှဲနေသော Gulf ခေါင်းထောင်ကြည့်မိသည်။ အမှတ်စဥ်တစ်ယောက်ကို ခေါ်ခိုင်းတာမရလို့ ကိုယ်တိုင်လိုက်လာတာ ထင်ပါရဲ့... ။
"ဟုတ်တယ်လေ၊ ကျွန်တော် မလာချင်တော့ဘူး နားချင်နေပြီလို့ ပြောခိုင်းလိုက်တာကို"
"ဒီမှာ ဒီအင်ပါယာအောက်မှာ ငါ့ကို ပြန်ပြောဝံ့တာတစ်ယောက်မှမရှိဘူး၊ မင်းက ငါအမိန့်ကိုလွန်ဆန်ပြီး စကားတောင်ပြန်ပါးခိုင်းလိုက်တယ်ပေါ့လေ။ မရဘူး၊ လိုက်ခဲ့ရမယ်"
ပြောရင်းနဲ့ လက်ကိုဆောင့်ဆွဲလိုက်တာကြောင့် လက်မောင်းနဲ့ပုခုံးဆစ်က အောင့်တက်သွားရသည်။
သူက သူ့အမိန့်ကိုလွန်ဆန်လို့ မခံနိုင်ဖြစ်နေပုံပင်...။ အေးပေါ့လေ...စကားတစ်ခွန်းနဲ့ လက်ဖျောက်တစ်ချက်လောက်နဲ့ လူကိုသေစေနိုင်သူ၊ တသွေး တသံ တမိန့်ဆိုသူကြီးကို အားလုံးက ကြောက်ရွံ့လေးစားလွန်းလို့ မော်တောင်မကြည့်ရဲတာကို Gulfက စကားပြန်ပါးလိုက်သည်ဆိုတော့လည်း....
"မလိုက်ချင်ပါဘူးဆို"
"မင်း ငါ့ကိုငြင်းတဲ့အတွက် တစ်ခုပြန်ပေးဆပ်ရမယ် လိုက်ခဲ့"
အတင်းဆွဲခေါ်နေတာကြောင့် လူက မလိုက်လို့မရတော့...အားနဲ့ဆွဲထားသောလက်က နာလာပြီမို့ရော၊ သူ့အရိပ်အောက်မှာ နေ,နေရသည်ဆိုသော ဖြတ်ခနဲဝင်လာသည့်အတွေးကြောင့်ရောမို့ လိုက်သွားလိုက်သည်...။
ကလပ်ထဲရောက်တော့ နားကွဲမတတ်ဆူညံသံတွေအပြင် အရက်နံ့၊ အမြည်းနံ့၊ ရေမွှေးနံ့စတဲ့ အနံ့ပေါင်းစုံကရော စိတ်ရှုပ်လာသည်...။ အဟုတ်ကို..Gulf ဘွဲ့သာရလာတာ ဒီလိုနေရာမရောက်ဘူးခဲ့...party လုပ်မယ်ဆို သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ တိုက်ခန်းတစ်ခုမှာ စုလုပ်ကာ ဘီယာအပျော့လောက်သာ သောက်ဖူးတာမို့ ဒီလိုနေရာမျိုးကို စိတ်ကုန်မိသည်...။
အဝတ်အစားလဲထားပြီးသားGulfပုံစံကညဒီနေရာနဲ့ မလိုက်ဖက်လှစွာ...။ အရိပ်မဲ့က တစ်နေရာကိုဆွဲခေါ်လာသည်..။ ဘားကောင်တာဖြစ်ဟန်တူသည်...။ ဘေးမှာ တခြားလူကြီးတွေရောမို့ သူ့လိုပဲ မြေအောက်လောကသားတွေပဲ ဖြစ်မှာပင်...။ ဘာမှမပြောပဲ အရိပ်မဲ့က ကောင်တာစားပွဲပေါ်က B&Wထဲမှ အရက်အနည်းငယ်ကို ဖန်ခွက်ထဲ ပြည့်လုနီးပါးထည့်လိုက်သည်...။

YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...