Unicode...
စိုးရိမ်မှု...။ ဟုတ်တယ် သူအရိပ်မဲ့ကိုစိုးရိမ်နေခဲ့တာ...။ ဒါပေမဲ့ အရိပ်မဲ့မှာ အမြဲလိုလိုသက်တော်စောင့်တွေရှိနေတယ်လေ..။ ဘာကိုစိုးရိမ်စရာလိုလို့လဲ...။ သို့ပေမဲ့ စိတ်ပူနေမိတာက ထူးဆန်းသည်။ ဒါ သူ့အပေါ်ကိုခံစားချက်တွေပြောင်းလာတာလား...။ ဘယ်လိုကြီးလဲ...ဘယ်လိုမျိုးခံစားချက်ကြီးလဲ...။
"မေးတာဖြေအုံးလေ၊ သက်သာလား"
ဒုတိယတစ်ခါမေးမှာသူ့စကားကိုသတိပြုမိကာ ပြန်ဖြေလိုက်သည်။
"အော် အင်း သက်သာတယ်"
စိတ်ဆိုးလို့မရပေမဲ့ ကောင်းကောင်းပြန်မဖြေချင်တာကြောင့် စိတ်မပါသလိုပင်ဖြေမိသည်။
"တော်သေးတာပေါ့"
တော်သေးတာပေါ့...??။ အာ့ဆို သူလည်းကျွန်တော့်ကိုစိတ်ပူနေတာလား..။ ဖြစ်နိုင်ပါတယ် သူကကျွန်တော်ချစ်နေပြီးသားဆိုတော့..။
"ကိုယ်တောင်းပန်ပါတယ်နော်"
ဘာ...တောင်းပန်တယ်ဟုတ်လား...အရိပ်မဲ့နှုတ်ဖျားက တောင်းပန်စကားဘယ်တုန်းကပြောဖူးလို့လဲ...။ မှတ်မှတ်ရရ ဟိုတစ်ခါမဂ်လာဦးညက သူ့ကိုပိုးဟပ်တွေထားတဲ့အခန်းထဲ အပြစ်ပေးတုန်းကတောင် သူ့အရမ်းကြောက်နေလို့ပြန်လာခေါ်တာသာရှိတာ..တောင်းပန်လို့လား...။ ခုတော့ တောင်းပန်တယ်တဲ့...။ ပြီးတော့ သူသုံးနေကျ "ငါ" ဆိုတဲ့ နာမ်စားနေရာမှာ "ကိုယ်"လို့ပြောင်းလိုက်တာ သတိထားမိသည်။
အရိပ်မဲ့တောင်းပန်စကားပြောနေပေမဲ့ ဘာမှပြန်မပြောသော Gulfကိုကြည့်ကာ သူပဲဆက်ပြောလိုက်သည်။
"ကိုယ်တကယ်စိတ်ရင်းနဲ့တောင်းပန်တာပါ၊ ကိုယ့်ဘဝမှာ ဘယ်တုန်းကမှ နောင်တဆိုတာမရှိခဲ့ဘူး။ ဒါပေမဲ့ မင်းနဲ့တွေ့ပြီးနောက်ပိုင်းကိုယ်နောင်တနှစ်ခါရဖူးတယ်။ တစ်ခုက မင်းကို ပြစ်ဒဏ်ခန်းထဲထားတုန်းက၊ နောက်တစ်ခုကတော့ အခုမင်းကိုသွေးထွက်စေခဲ့တာကို နောင်တရမိတယ်"
".........."
"အရိပ်မဲ့ရဲ့ကတိတစ်ခုအနေနဲ့ ကိုယ်နောက်နောင် ဘယ်တော့မှ မင်းထိခိုက်စေမဲ့ဘယ်လိုအရာမျိုးကိုမဆို ဘယ်နည်းနဲ့မှမလုပ်တော့ပါဘူး။ ဒါဟာ ကိုယ်ဆုံးဖြတ်ချက်ချတာမဟုတ်ဘူးနော်။ ကိုယ့်အချစ်တွေနဲ့မင်းကို သစ္စာပြုကတိပေးလိုက်တာမို့ ဒီကတိ၊ ဒီစကားက တည်မြဲမယ်ဆိုတာကို ယုံကြည်ပေးပါနော်"
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...