Ep 10

3.1K 202 11
                                    

Unicode...

စိတ်တိုတိုနဲ့ ဒေါသကိုရှေ့တန်းတင်ကာ မြို့ထဲကိုဦးတည်ချက်မရှိ၊ မိုင်ကုန်ကားမောင်းမိတဲ့နောက်ပိုင်း လုပ်ကြံမှုနဲ့ကြုံတွေ့ခဲ့ရသည်...။ အရိပ်မဲ့ဆိုတာ ဘယ်တော့မှဒီလိုအငိုက်ဖမ်းဖို့ လွယ်ကူခဲ့သူမဟုတ်...။ ဒီအခြေအနေဟာလည်း ဘဝမှာပထမဆုံးအကြိမ်သူ့ကြောင့် သတိလက်လွတ်ဖြစ်ခဲ့မိခြင်း...။ သူ့ကြောင့်ပြောင်းလဲတွေ့ကြုံခဲ့ရသော ပထမဆုံးအကြိမ်များစွာထဲမှ အသက်အန္တရာယ်ဖြစ်စေလောက်သည်အထိ တွေ့ကြုံခဲ့ရမှုပင်...။

ဒီလောက်ဖြစ်သွားပြီးမှ တည်ငြိမ်စပြုလာသော ဆူနေသည့်သွေးများက သတင်းပို့မှုကြောင့် ဦးနှောက်က သတိရမိသွားသည်က Gulfဆိုသောလူသားလေး...။ အနှီလူသားလေးအား ကိုယ်ထိလက်ရောက်နာကျင်စေမိကာ သွေးစက်များနဲ့ မေ့မျောသတိမဲ့သွားရဲ့နဲ့ကို ထားပစ်မိခဲ့သည်မဟုတ်ပါလား...။

အတင်းလုပ်ယူခိုင်းမိသည့်အရာလေးတစ်ခုက သာမန်လူတွေအတွက် ဘာမှမဟုတ်သောအပြုံးလေးတစ်ခုဆိုပေမဲ့ အရိပ်မဲ့လိုရေခဲနှလုံးသားပိုင်ရှင်အတွက်ကတော့ ချစ်ရသူမို့ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးလိုပေ...။ တစ်ခါတလေမှာ ကလေးဆန်တဲ့ပုံစံနဲ့မြင်ရပြီး တချို့အချိန်တွေမှာ တည်ငြိမ်အေးစက်နေသော Gulfရဲ့ ပုံစံကြောင့် သူပြန်ချစ်လာဖို့ ဘယ်ကျမ်းထဲကစာကို ဖတ်ပြီးကြိုးစားရမှန်းမသိတော့ပေမဲ့ အရိပ်မဲ့ပုံစံအရတော့ အဲ့လိုစာအုပ်ကြီးအတိုင်းလိုက်မှာတော့မဟုတ်...။

ကိုယ်ဟာ လူဆိုးတစ်ယောက်၊ လူတွေကို သတ်ရင်သာ သတ်မယ်၊ မယုတ်မာတတ်၊ သနားခြင်းမရှိပေမဲ့ ငဲ့ညှာတတ်မှုတော့ရှိသည်..။ ချစ်တာကိုသဲသဲလှုပ်မပြတတ်ပေမဲ့ ချစ်တတ်သည်။ နုနုရွရွတွေ လုပ်မပြတတ်ပေမဲ့ ဂရုစိုက်မှုလေးတွေတော့ ရှိတတ်ပါသေးသည်။ ဒါကို သူသိစေချင်သည်၊ နားလည်ပေးစေချင်သည်။ လက်ခံပါလို့အတင်းအကြပ်မတောင်းဆိုပေမဲ့ လက်ခံပေးစေချင်သည်။

ပြီးတော့ ခုဖြစ်သွားတဲ့ အခြေအနေတစ်ခုပေါ်တည်မှီလာသော သဝန်တိုစိတ်က ပြောပြသည်မှာ ဘယ်ယောကျာ်းနဲ့မှ နွေးထွေးကြည်နူးနေတာမျိုးကိုမကြိုက်ဟုပင်...။ ကိုယ်က သူ့အပေါ်နာကျင်စေမိသွားတယ်ဆိုရင်တောင် ဒါဟာ ကိုယ့်စိတ်ရင်းနဲ့ နှိပ်စက်တာမဟုတ်တာမို့ လိပ်ပြာလုံသော်လည်း တောင်းပန်ချင်မိသည်...။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now