Ep 5

3.6K 202 2
                                    

Unicode...

အလင်းရောင်လည်းကောင်းစွာမရတာမို့ မှောင်ဖျော့ဖျော့ဖြစ်နေသည့်အပြင် ဖုန်များလည်းထူနေသည်။ ဒီလောက်မျိုးကတော့ Gulf မကြောက်တတ်ပါ...အမှောင်ကြောက်တာမျိုး၊ တစ်ယောက်တည်းမနေရဲတာမျိုးလည်း မရှိ...။

သို့သော်...မထင်မှတ်ထားသောအရာတစ်ခုဖြစ်လာချေပြီ...။

Gulf ခြေထောက်ပေါ်မှ လှစ်ခနဲအရာလေးတစ်ခုဖြတ်သန်းသွားသည်မို့ ယားသွားကာ လိုက်ကြည့်မိသည်။ ဟင်...ပိုးဟပ်...ပိုးဟပ်.. ။ Gulf ကြောက်သည်။ ပိုးဟပ်က Gulf ကြောက်သည်မှာ ငယ်ငယ်တည်းကပင်...။ ကြည့်နေစဥ် နောက်တစ်ကောင်ထွက်လာပြန်သည်။ တုန်လှုပ်စွာ အခန်းထောင့်လေးကို ကပ်မိတော့

"ဗျစ်"

အီး...သူ ပိုးဟပ်တစ်ကောင်တက်နင်းမိသွားသည်။ ကြောက်လည်းကြောက်၊ ရွံလည်းရွံကာ နေရာမှခွာကာ ဘေးတစ်ဖက်ကိုထပ်တိုးတော့...

အား...တခဏလေးအတွင်းမှာ ခေါင်းနှင့်ပုခုံးများပေါ် ဝဲပျံနားလာသော ပိုးဟပ်များ...။ ပါးရေ ကယ်ပါ၊ သားကြောက်တယ်...။ ရေရွတ်ကာ လက်နှင့်သပ်ဖယ်သော်လည်း ခြေထောက်များပေါ်တက်လာပြန်သည်။ ထိတ်လန့်စွာ ခုန်ပေါက်ဖယ်ရှားရင်း ချွေးစေးများပြန်လာသည်။

မူးဝေနေတာတွေပြန်ရောက်ကုန်သည်မသိ...။ စိတ်ထဲမှာကြောက်ရွံ့မှုသာ ကြီးစိုးနေသည်။ အကောင်နှစ်ဆယ်မကသော ပိုးဟပ်များက ဝဲပျံ၍တစ်မျိုး၊ ပြေးလွှားနေ၍တစ်သွယ် ရှုပ်နေသောမြင်ကွင်းက ပိုးဟပ်ကြောက်တတ်သော Gulf အတွက် ကမ္ဘာပျက်ဖွယ်မြင်ကွင်းတစ်ခု...။

အခန်းထဲ ဟိုဘက်ပြေး၊ ဒီဘက်ကပ်နှင့် ရင်တုန်နေရင်း နှုတ်မှအကူအညီတောင်းမိသည်။

"အပြင်မှာဘယ်သူရှိလဲ၊ လာထုတ်ပေးကြပါ၊ ကျွန်တော့်ကို ဒီအခန်းထဲက လာထုတ်ပေးကြပါ အား....."

အော်နေရင်း ပိုးဟပ်တစ်ကောင်က လည်ပင်းလာကပ်တာ​ကြောင့် အသံကုန်ခြစ်အော်မိသည်။ အပြင်ကလည်း ဘာသံမှမကြား...။

"P'Mew ရှိလား၊ P'Mew တံခါးဖွင့်ပေးပါ"

တံခါးဆီပြေးကာထုနေရင်း ပိုးဟပ်တွေက ပိုများလာသလိုပင်...။ ခပ်ဖျော့ဖျော့အလင်းရောင်အောက်မှာ လှုပ်ရွရွအကောင်များက အသည်းယားဖွယ်ဖြစ်နေသည်။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now