Unicode...
အရိပ်မဲ့ရဲ့အနမ်းတွေက ရမ္မက်ဆန်ပြီး နူးညံ့မနေပေမဲ့ ကြင်နာမှုတွေ၊ မေတ္တာတွေပျော်ဝင်နေတာကိုတော့ Gulf ခံစားမိသည်။ အပေါ်အောက်နှုတ်ခမ်းနှစ်ခုကို ခြယ်လှယ်နေရာမှ လျှာလေးကခံတွင်းထဲကို တိုးဝင်ဖို့ကြိုးစားလာတာကြောင့် Gulf အလိုက်သင့်လေးဟ,ထားပေးလိုက်သည်။
ဘုရားရေ...ခု ကျွန်တော်ကိုယ်တိုင်က လိုလိုလားလား လက်ခံမိနေပါလား...။ အရိပ်မဲ့ကို အမြင်မကြည်သေးပေမဲ့ နှစ်ယောက်တည်းရှိတဲ့ ကျွန်တော်တို့သားအဖကို ခွဲခဲ့တာတောင် စိတ်မနာမိတဲ့ကိုယ့်စိတ်ကို နားမလည်နိုင်တော့...။
နမ်းနေရင်းနဲ့ သူက ကုတင်ပေါ်တွန်းလှဲလိုက်တာကြောင့် နှစ်ယောက်သားထပ်လျှက်လေး ကျသွားသည်။ ထိုအခါ နှုတ်ခမ်းမှအနမ်းများက လည်ပင်းနဲ့ဂုတ်သားလေးများပေါ်ပြောင်းလာသည်...။ တဖြည်းဖြည်း အောက်လျှောလာကာ ညှပ်ရိုးနဲ့ဗိုက်သားများထိရောက်လာသည်။
ထပ်ပြီးအဆင့်တက်တော့မှာမို့ Gulf စိတ်ကိုလျှော့ချလိုက်သည်။ နောက်မဆုတ်သော အပြုအမူတွေက နှစ်ယောက်လုံးရဲ့ခံစားချက်ကိုပိုပြီးဆွဲဆောင်နေသလို စည်းချက်ကျတဲ့အပေးအယူတွေနဲ့ အချိန်ကြာလာပြီး Climax ရောက်တဲ့အချိန်မှာတော့ ပင်ပန်းသွားလေပြီ...။
ချွေးတွေရွှဲနေသော လူသားလေးနှစ်ယောက်က ကုတင်ထက်မှာ အမောဖြေနေစဥ်
"P'Mew ရေပြန်ချိုးရအုံးမှာပေါ့"
"အင်း လာ..တူတူချိုးမယ်"
ရေချိုးခန်းထဲ နောက်တစ်ကြိမ်လုပ်အုံးမှာလားGulf တွေးမိပြီး စိုးရိမ်သွားရသည်။ ဘာရယ်မဟုတ်၊ နောက်တစ်ကြိမ်ဆို ဖျားတော့မှာ ကိုယ့်ကိုကိုယ်သိတာကြောင့်...။ တော်သေးသည်။ အရိပ်မဲ့က Gulf ထင်သလိုမပြုမူတာမို့...ကျေးဇူးတောင်တင်ရမလို...။
ဟက်...ငါသိပါတယ်ကောင်လေးရာ...။ မင်းစိုးရိမ်နေမှန်း၊ ငါက တစ်ကြိမ်တည်းနဲ့ကျေနပ်တာမဟုတ်ပေမဲ့ မင်းကိုတော့ ထိခိုက်မှာမလိုလားဘူး...။ အနည်းဆုံးတော့ တစ်ကြိမ်ဖြစ်ပြီးပြီပဲ...။ မင်းနားလိုက်ပါအုံး...။
ညင်သာစွာပွေ့ဖက်အိပ်စက်မှုက Gulf အတွက်နွေးထွေးတာတော့အမှန်...။ နာကျင်ကိုက်ခဲမှုတွေဖြစ်လာမှာစိုးတာကြောင့် အရိပ်မဲ့က ဆေးတော့တိုက်ပေးရှာသည်။ ဒါလည်း သူ့ဘဝရဲ့ ပထမဆုံး ဂရုစိုက်မှုတစ်ခုကို ကျွန်တော့်အတွက်ကြောင့် ပြုမူမိခြင်းပေလား...။

YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...