Unicode...
အချိန်ကား မွန်းလွဲ 2:30 ခန့်ရှိလေပြီ...။
ဘန်ကောက်မှ ချွန်ဘူရီသို့ တစ်နာရီခွဲနီးပါးသွားရမှာဖြစ်သည့်အတွက် နောက်ထပ်နာရီဝက်သာသာကျန်နေသေးသည်။ ကားဘေးမှန်ကိုချမထားသော်လည်း လမ်းတလျှောက်သစ်ပင်ရိပ်လေးများက အေးမြဖွယ်ရာအငွေ့အသက်ကို မြင်ရုံနဲ့ ခံစားရမည်မှာသဘာဝပင်ဖြစ်ပေမဲ့ အသက်လုနေရသောအရိပ်မဲ့တို့အတွက်တော့ အေးချမ်းမနေပေ...။ ထိုရှုခင်းအလှတွေကိုလည်းကြည့်မနေနိုင်အားပါ..။ရင်ထဲမှာပူလောင်မှုနဲ့ ရတက်မအေးနိုင်သောခံစားချက်တို့က နေရာအပြည့်ယူထားသည်မှာ အားလုံး၏တူညီသောခံစားချက်တစ်ခုလေ...။ ကားစီးနေရင်းမှ အရိပ်မဲ့မှာ ဘယ်လောက်ပဲရက်စက်နေပါသော်လည်း အမှတ်စဥ်တွေကို နေသာရဲ့လားတွေးကာ မသိမသာကြည့်မိသည်။ တကယ်ကိုတန်ဖိုးရှိလွန်းသော တပည့်များကို မိသားစုလို၊ သွေးချင်းတွေလိုပင် အတတ်နိုင်ဆုံး၊ အကောင်းဆုံးပန်းတိုင်ကိုရောက်စေချင်တာမို့...။
အမှတ်စဥ်တွေကို Gulf ဆေးထည့်ပေးပြီး P'Mew ဘေးနားပြန်ထိုင်တော့ Gulfပုခုံးလေးကိုဖက်ထားပေးသည်။ စိတ်မပူနဲ့ဆိုတဲ့သဘော...။ ဟူး...အေးအေးချမ်းချမ်းဖြစ်ပါစေလို့ ဆုတောင်းရုံမှတပါး Gulf ကူညီနိုင်တာမရှိဘူးပဲ...။
*•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•.
At the Port of the Chonburi,
Time is 3:00 pm,ပင်လယ်ပြင်မဟုတ်သော်လည်း သေးငယ်သောအနားသတ်ဖြူလွှလွှလေးတွေရှိတဲ့ လိုင်းတွန့်လေးတွေနဲ့ပနံတင့်လှတဲ့ အပြာရောင်မြစ်ရေပြင်ကျယ်ကြီးတခွင်တပြင်က ရှုမောမဆုံးလှပလွန်းတဲ့သဘာဝအလှဖြစ်သလို ဆိပ်ကမ်းတလျှောက်စီစီရီရီရပ်ထားတဲ့ သဘော်များနဲ့ ကုန်တင်စက်တပ်ရေယာဥ်တွေကလည်း ဆိပ်ကမ်းရဲ့သရုပ်ကိုပီပြင်အောင်ပုံဖော်ပေးနေသလိုပင်...။
ဆိပ်ကမ်းရောက်တာနဲ့ အချိန်မဆိုင်းပဲ ကားပေါ်မှဆင်းကာ အသင့်ရှိနေပြီးသား လင်းယုန်ဖြူပေါ်တက်ဖို့ပြင်ကြတော့သည်။ မှန်ပေသည်..လင်းယုန်ဖြူဆိုတာက အရိပ်မဲ့ပိုင် ရေယာဥ်များထဲက အကြီးဆုံးနဲ့ခိုင်ခံ့မှုအရှိဆုံးအမြင့်သဘော်ကြီးပင်...။
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...