Unicode...
ပြန်လာတဲ့လမ်းမှာ ခံပြင်းဒေါသက အရိပ်မဲ့ရင်ထဲမှာကြီးစိုးနေသည်။ ဒါကြောင့်ကိုး..တခြားသူရဲ့ပုံစံမျိုးမဟုတ်ပဲ အမှတ်စဥ်အသွင်ယူထားလို့ပိရိနေတာကိုး...။ ဟက်..အင်ပါယာမှာ အမှတ်စဥ်တွေအပြင် အရံလူများပါရှိပေမဲ့ ဘာပဲလုပ်လုပ်အရေးကြီးကိစ္စတွေနဲ့ အချက်အလက်တွေ၊ နောက်ဆုံး အဓိကအခန်းတွေကအစ အမှတ်စဥ်တွေဝင်ခွင့်ရသည်။
အမှတ်စဥ်တွေကယုံကြည်ရတဲ့သူတွေဖြစ်တဲ့အပြင် ဝင်လာကတည်းက နောက်ကြောင်းစုံစမ်းပြီးလေ့ကျင့်ထားသူတွေ၊ တမင်အရေးယူစစ်ဆေးနေစရာမလိုပဲ သစ္စာစောင့်သိပြီးသားမို့လို့ အခွင့်ထူးခံတပည့်တွေလေ...။ ဒီတော့ Kram ကိုပြောချင်တာတစ်ခုက မင်းသိပ်ဉာဏ်ကောင်းခဲ့တယ်ကွာ..ဒါပေမဲ့ အရိပ်မဲ့က မင်းကိုအရှင်ထားမှာမဟုတ်လို့ စိတ်တော့မကောင်းဘူးရယ်...ဟက်...။
*•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•.
အရိပ်မဲ့ထွက်သွားပြီး အခန်းထဲစောင့်နေခဲ့သော Gulf ခုထိလည်းငြိမ်ငြိမ်လေးပင်...။ သူလျှိုကို ဒီမနက်သိပြီလို့ပြောသွားပေမဲ့ အရိပ်မဲ့တော့ဘယ်လိုနေတယ်မသိ..၊ သူကတော့ စိတ်လှုပ်ရှားနေလေသည်။ သူလျှိုကရှိနေတာကြာပြီကို သေချာမမိသေးလို့လိုက်နေရာမှ ခုမှသိရတာလို့ပြောတော့ ဘယ်ချိန်ကတည်းကရောက်ပြီး ဘာတွေအခိုးခံရတာလဲ၊ ဘာတွေများဖြစ်ကုန်ပြီလဲ တွေးပူနေမိသည်။
အဲ့ဒါကြောင့် အရင်နေ့က P'Mew မျက်လုံးမှာအရိပ်အယောင်တစ်မျိုးတွေ့နေရပြီး Gulfအဓိပ္ပာယ်မဖော်နိုင်တဲ့ဟာဆိုတာအဲ့ဒါပဲနေမှာ..ဒါပေမဲ့ သူလျှိုရှိနေတာလို့တော့မတွေးမိတာအမှန်...။ ဒီအင်ပါယာဒီလောက်တင်းကြပ်တဲ့ဟာကို...။
ပြီးတော့ သူလျှိုက ရဲဘက်ကလား..၊ အဲ့ဒါဆိုရင် အရိပ်မဲ့အဖမ်းခံရမှာလား..၊ ထွက်ပြေးရမှာလား..၊ ပြီးတော့ရော ဘာတွေဆက်ဖြစ်မှာလဲ..၊ ထွက်ပြေးရင် ဘယ်ကိုထွက်ပြေးကြမှာလဲ..စသဖြင့် လူကသာထိုင်နေပြီး လားပေါင်းများစွာ၊ လဲပေါင်းများစွာသော အတွေးတွေက ခေါင်းထဲမှာရှုပ်ယှက်ခတ်နေအောင်ပြေးလွှားနေကာ စိုးရိမ်စိတ်က အထွတ်အထိပ်...။
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...