Ep 17

2.5K 173 33
                                    

Unicode...

ညနေခင်းလေနုနုအေးလေးတွေအပြင်မှာရိုက်ခတ်နေပေမဲ့ ထိုလေနုအေးလေးတွေက အခန်းတွင်းကိုတော့ ဝင်ရောက်မလာပေ...။ အပြင်သွား၊ ပြန်လာတော့ရေချိုးကြာပြီး ညဘက်ကိုယ်တွေပူလာချိန် အရိပ်မဲ့ဂရုတစိုက်ရှိနေပေးမှုအောက်မှာ တစ်နေကုန်နားပြီးတဲ့အခါ ပြန်ကောင်းစပြုလာတာမို့ လန်းသွားအောင် ညနေခင်းရေချိုးလိုက်မိသည်။

ရေချိုးခန်းက ထွက်လာချိန် အဝတ်အစားမလဲခင် မှန်တင်ခုံရှေ့ထိုင်မိစဥ်တခဏ မိုက်ခနဲ...။

အာ...!!

"ဟာ Gulf ဘာဖြစ်တာလဲမူးသွားလို့လား"

"ဟုတ် ရပါတယ်၊ ခဏလေးရယ် တော်ကြာနေပျော​က်သွားမှာပါ"

အခန်းထဲဝင်ဝင်လာလာချင်း ယိုင်ခနဲဖြစ်သွားတဲ့ ပုံရိပ်လေးဆီ အပြေးသွားကာ ထိန်းပေးရင်းမေးမြန်းတော့ ခေါင်းမာစွာပင် ရပါတယ်လုပ်နေသေးသည်။

"ပျောက်သွားမှာပါမလုပ်နဲ့လေ၊ ခုမှနေကောင်းခါစရှိသေးတာကို"

"ရပါတယ် P'Mewရဲ့ ကျွန်တော်ဘာမှမဖြစ်..အာ အင့်"

ဟာကွာ...ပြောနေရင်းမူးလဲသွားသောကိုယ်လေးက ထိန်းပေးထားတဲ့လက်တစ်စုံထဲ အလိုက်သင့်ကျလာကာ ရင်ခွင်ထဲပြိုသွားလေသည်။ ဒုက္ခပါပဲ...ခေါင်းမာလိုက်တာကိုပဲ...။ အကျီမဝတ်ရသေးပဲ တဘက်လေးတစ်ထည်သာပတ်ထားသေးသော သူ့ကို အအေးပတ်ပြီးပြန်ဖျားမှာစိုး၍ ကုတင်ပေါ်အသာလေးလှဲပေးကာ ခပ်မြန်မြန်ပဲ အကျီလဲပေးလိုက်သည်။

အဖျားပျောက်ခါစမို့ အားနည်းနေတဲ့ကိုယ်လေးက ဆေးအကူလိုနေသေးမှန်းတွေးမိတာမို့ အင်ပါယာရဲ့သီးသန့်ဆရာဝန်ဖြစ်သူ အကိုဆောင်းကိုသာ ခေါ်လိုက်သည်။

"သူမူးလဲသွားလို့ ဆေးသွင်းပေး အကိုဆောင်း"

အရိပ်မဲ့ထက် အကိုဆောင်းကအသက်ကြီးပေမဲ့ ရာထူးနဲ့အခြေအနေအရ သူ့လက်အောက်ကမို့ ယဥ်ကျေးရိုကျိုးမနေတာက ဆောင်းအတွက်မထူးဆန်းတော့ပါ..။ တစ်ချက်မျှခေါင်းငြိမ့်ပြလိုက်ကာ ကုတင်ပေါ်လှဲနေသော နှုတ်ခမ်းသားလေးတွေဖြူဖျော့နေသည့်ကောင်လေးကို ဒရစ်ချိတ်ပေးလိုက်ပြီး အဖျားမရှိတော့တာမို့ လိုအပ်သည့်အားဆေးလောက်သာ ပေးထားခဲ့ပြီးနောက် မှာလိုက်သည်။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"حيث تعيش القصص. اكتشف الآن