Ep 9

3K 194 8
                                    

Unicode...

အပြင်သွားပြီး လိုအပ်တာဝယ်မှာရော၊ အရိပ်မဲ့အတွက်လည်း အထူးတလည်သွားစရာမရှိတာကြောင့်ရော Gulfကို ကိုယ်တိုင်မောင်းပို့ပေးလေသည်။ Shopping စင်တာရှေ့ရောက်တော့ အရိပ်မဲ့ကားကို ပါကင်ထိုးကာ ရှေ့မှဦးဆောင်ဝင်သွားတော့ Gulfလည်း နောက်ကနေလိုက်လာခဲ့လိုက်သည်။

အထဲရောက်​တော့ နည်းနည်းလောက်လျှောက်ပြီးချိန်တွင် အရိပ်မဲ့က

"ရော့ မင်းကြိုက်တာသွားဝယ်လိုက်၊ ငါမလိုက်တော့ဘူး။ ဒီကစောင့်နေမယ်"

Gulf လက်ထဲပိုက်ဆံအိတ်အနက်ကြီးထိုးပေးကာ လွှတ်တော့သည်။ တစ်ခါမှဒီလိုကြီးကြီးမားမားစင်တာကို ရေးကြီးခွင်ကျယ်လာမဝယ်ဘူးတာမို့ လမ်းသာလျှောက်နေတာ ဟိုကြည့်ဒီကြည့်နှင့်...။ ဝယ်စရာလည်းမရှိ၊ လိုအပ်တာလည်းမရှိတာမို့ ပိုက်ဆံအိတ်ကြီးကိုင်ပြီး ဘာဝယ်ရမှန်းမသိဖြစ်နေစဥ်....

"ဟာ ဆရာ စျေးဝယ်လာတာလား"

နှုတ်ဆက်သံကြောင့် ကြည့်လိုက်တော့ အရင်ကစာသင်ပေးဖူးသည့် ဝိုင်းကျူရှင်မှတပည့်ကောင်လေးဖြစ်နေသည်...။ တပည့်ကနှုတ်ဆက်နေတော့ မိမိက ဆရာဖြစ်နေသည်မို့ ရှောင်လွှဲလို့မကောင်း...။

"ဟာ ငယ်လေး၊ တစ်ယောက်တည်းလား"

"ဟုတ် မေမေပါတယ်ဗျ၊ ဒါနဲ့ ဆရာစာမသင်တော့ဘူးလားဟင်၊ ဆရာမသင်တော့လို့ ကျွန်တော်က ဝင်မဖြေဘူးဆိုပြီး မေမေ့ကြောင့်ဖြေဖြစ်လိုက်တာ"

"အယ် အဲ့လိုမလုပ်ရဘူးလေ၊ ခုရော ဘာတက်နေလဲ"

ပြောကောင်းကောင်းနှင့် ပြောနေပြီး သတိရလို့အရိပ်မဲ့ကိုလှမ်းကြည့်လိုက်တော့ မျက်ထောင့်နီကြီးနဲ့ကြည့်နေတာမို့ မြန်မြန်စကားဖြတ်မှရမည်ဆိုတာသိလိုက်သည်။

"ကျွန်တော် ဆေးတက်ဖို့ မှီတယ်ဆရာ၊ ဆရာ့ကို မကန်တော့ရသေးလို့ ခု တစ်ခုခုဝယ်ပေးပါရစေခဏလေးနော် ဆရာ"

"ဟမ် အော်အေး"

အရိပ်မဲ့ မျက်နှာကိုကြည့်ရတာအခြေအနေမ​ကောင်းတော့...။ ငယ်လေးက ကန်တော့ဖို့သွားဝယ်တာကို စောင့်ယူရမလား...အရိပ်မဲ့ဆီပြန်သွားရမလား...ဘာလုပ်ရမှန်းမသိတော့တာနဲ့ ရောက်တဲ့နေရာမှာပဲ ရပ်နေမိသည်။ ခဏနေတော့ ငယ်လေးပြေးလာတာတွေ့သည်။ လက်ထဲမှာဖိနပ်ဘူးလေးနှင့်...။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now