Ep 23

2.2K 178 45
                                    

Unicode...

တစ်လခန့်ကြာသော်,

"ဒီတစ်ပုဒ်ပြီးရင်ပြီးပြီ ပြန်လို့ရပြီနော်"

"ဟုတ်ကဲ့ ဆရာ"

Gulf ကလေးတွေကို ပြောလိုက်သည်။ အခုတော့ Gulf ဘဝလေးက အရိပ်မဲ့နဲ့မတွေ့ခင်ကလို အခြေအနေလေးပြန်ဖြစ်ခဲ့လေပြီ။ ဖေဖေဖြစ်သူက ရုံးသွားရုံးပြန်၊ Gulfက ကလေးတွေကိုစာသင်ရင်းအေးချမ်းနေသော အခြေအနေလေးကို ပြန်ရောက်ရှိခဲ့ပြီ...။

သို့သော် Gulf မပျော်ပေ...။ ဟုတ်တယ်..ပျော်ရွှင်မှုကိုမခံစားရ...။ အမှန်ဆို အေးချမ်းနေသောဘဝလေးကိုရောက်နေပြီဆိုပေမဲ့ စိတ်ချမ်းသာမနေရတာကို ကိုယ့်ကိုကိုယ်သိသည်။ နေ့စဥ်နဲ့အမျှလည်း အရိပ်မဲ့ကိုသတိရနေမိသည်။ သူ့အကြောင်းတွေးလိုက်တိုင်း အပြစ်ရှိသလိုခံစားနေရသည်။

ညအိပ်ရာဝင်လို့ မျက်လုံးမှိတ်လိုက်ပေမဲ့ အတွေးထဲမှာ ချောမောခန့်ညားသောသူ့မျက်နှာ၊ ပြတ်သားတိကျသော အသံ၊ စနစ်ကျသေသပ်သော လှုပ်ရှားဟန်ပန်တွေ အားလုံးက တမင်တွေးယူနေခြင်းမဟုတ်ပဲ အလိုလိုအတွေးထဲရောက်လာသည်မှာ ညစဥ်တိုင်းပင်...။

သူနဲ့စကားပြောခဲ့စဥ်ကအချိန်တွေ၊ အတူရှိနေစဥ်က အချိန်တွေကို သတိရတိုင်းဝမ်းနည်းစိတ်က ရင်ထဲမှာလှိုက်တက်လာတာက အမြဲတမ်းမို့ သူများမသေခဲ့ရင်ဆိုသောအတွေးက အမြဲစိုးမိုးထားသည်။ သူ့ကိုသတိရတိုင်း တွေ့ချင်စိတ်ပြင်းပြမိသည်။

သူ,မသေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတဲ့ မျှော်လင့်ချက်လေးက ခပ်သေးသေးရေးရေးလေးရှိသည်သာ...။ ရံဖန်ရံခါ ပိတ်ချလိုက်ပြီဖြစ်သော "Sweet Dream Hotel" ကြီးရှေ့ မတော်တဆရောက်လေတိုင်း သူရှိလေမလားလို့ ရပ်ကြည့်မိသည့်အချိန်တွေက အရူးတစ်ယောက်လိုပင်...။

အရိပ်မဲ့ရယ်...အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရမယ်ဆိုရင် P'Mewကို ကျွန်တော်လည်းချစ်ပါတယ်ဆိုတဲ့စကားလေး ပြောပြချင်လိုက်တာ...။ ဟုတ်တယ်..ကျွန်တော်လည်း P'Mew ကိုချစ်တယ်သိလား..။ ဒီစကားလေးပြောဖို့ အတူရှိနေစဥ်က ဒီလိုခံစားချက်တွေဘာကြောင့် မရှိခဲ့ရတာလဲ တွေးပြီးအားမလိုအားမရဖြစ်မိတယ်။ သူနဲ့အတူရှိစဥ်က အမှတ်တရမျိုးလေးတွေပြန်မြင်မိတိုင်း ရင်ခုန်မိတယ်။ နောက်ထပ်လည်းဘယ်သူ့ကိုမှရင်ခုန်မိတာမျိုးလည်းမရှိတော့။

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now