Ep 6

3.5K 206 11
                                    

Unicode...

လက်ကစိုက်နေသော ဓားမြောင်ကြောင့် ရုန်းလေပိုနာလေဖြစ်နေချိန်တွင် ဘေးကကြိုးတုပ်ခံထားရသော ကောင်မလေးဘက်ကို မေးဆတ်ပြကာ ပြောလိုက်သော အရိပ်မဲ့ဆီမှ စကားသံကြောင့် ခွန်ဇာ အံ့သြသွားသည်...။

"ရော့ သေနတ် သူ့ကို ပစ်လိုက် ခင်ဗျားအသက်ရှင်ချင်တယ်ဆိုရင်ပေါ့"

"ဟင်"

ကောင်မလေးကြောက်သွားသည်။ အရိပ်မဲ့ဆိုတာထက် သူမက Hotel ပိုင်းဆိုင်ရာဘက်ကမို့ Mew ကိုသူဌေးအနေနဲ့သိထားသည်...။ ခုဘာမဆိုင် ညာမဆိုင် ယောင်နနနဲ့ပြန်ပေးဆွဲခံရတော့ သူဌေးကိုယ်တိုင်လာကယ်သည်ဆိုကာ ဝမ်းသာအားကိုဖြစ်မိသည်မှာအမှန်...။

ခု​တော့ သူမကို ပစ်ခိုင်းနေတာလား...။ ပါးစပ်ကလည်းအဝတ်စည်းထားတာမို့ ပြောလို့မရချိန်တွင် အားကိုးသောမျက်လုံးလေးနဲ့ တောင်းပန်ကြည့်လေးကြည့်ကာ ခေါင်းယမ်းပြသည်...။ ခွန်ဇာလည်း မျက်လုံးပြူးကာ အရိပ်မဲ့ကိုတောင်းပန်သည်။

"အရိပ်မဲ့ သူကဘာမှမသိပဲကြားကဓားစာခံလေးပါ။ ပြန်ခေါ်သွားပါ​နော်"

"ဟေ့.....ခင်ဗျားသူ့ကိုပစ်မလား၊ ခင်ဗျားအသေခံမလား"

အရိပ်မဲ့ စကားကြောင့် အဲ့...စကားထက် အမိန့်ဆိုပိုမှန်လိမ့်မည်...။ ခွန်ဇာ သူမကိုမပစ်ရက်ပေမဲ့ သူတော့အသက်ရှင်ချင်သေးသည်လေ...။

"ပစ်...ပစ်ပါ့မယ်"

"Sorry ပါမိန်းကလေး မင်းကိုမသတ်ချင်ပေမဲ့ မင်းက ငါ့အလုပ်ထဲမလိုအပ်ပဲ ဝင်မိသလိုဖြစ်သွားတယ်ကွာ"

အရိပ်မဲ့ရဲ့ သနားခြင်းမပါသော ဝတ္တရားကျေ Sorryသံအဆုံး ခွန်ဇာလက်ထဲက အရိပ်မဲ့ရဲ့လက်စွဲတော်ဖြစ်သည့် ပွိုင့်ဖိုက် နှစ်တောင့်ထိုး ငွေရောင်ပစ္စတိုလေးမှ ကျည်တစ်တောင့်က ကောင်မလေးရဲ့ဝဲဘက်ရင်အုံကိုဖောက်ထွင်းသွားကာ သွေးကွက်လေးထင်လာပြီး ဆိုဖာပေါ်ညင်သာစွာပြိုလဲကျသွားသည်။

"ကဲ အလောင်းကိုခင်ဗျားပဲ ရှင်းလိုက်တော့၊ မခက်ဘူးထင်ပါတယ်၊ ဟ​က်...ပြီးတော့ ခင်ဗျားကိုသတိပေးလိုက်မယ်၊ အရိပ်မဲ့ဆိုတာ တစ်ရာရှုံးရင်တစ်ထောင်ပြန်ရမှ ကျေနပ်တယ်၊ အရိပ်မဲ့သမိုင်းမှာ တန်ရာတန်ကြေးဆိုတာမရှိဘူး၊ ခင်ဗျားလျော်စရာမရှိရင် အစမလုပ်နဲ့၊ ရှင်းတယ်နော်"

"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"Where stories live. Discover now