Unicode...
စက္ကန့်သုံးဆယ်လောက်ကြာတော့ အောက်တစ်ထပ်ရောက်သွားကာ အခန်းတစ်ခုထဲရောက်သွားသည်...။
အပြင်အဆင်တွေကို ကြည့်ရသည်နှင့် အိပ်ခန်းဖြစ်ဟန်တူသည်...။
အခန်းပတ်လည်ကို ကြည့်နေစဥ်မှာ ထိုလူကြီးက Gulfကို ကုတင်ပေါ်ဆွဲထိုင်ခိုင်းလိုက်သည်။ အနုအရွမကြိုက်သူပီသစွာ ကုတင်ခေါင်းရင်းတွင် အနက်ရောင်ကနုတ်ပန်းခွေများရှိနေပြီး ကုတင်တစ်ခုလုံးမှာလည်း အနက်ရောင်သာ...။
အိပ်ရာခင်းနှင့် ခေါင်းအုံးများကလည်း ခဲရောင်ရင့်ရင့်ဖြစ်နေပြီး ဘာအပွင့်၊ ဘာအခက်မှ အလှဖောက်ထားခြင်းမပါပဲ၊ အပြာခပ်ရင့်ရင့်ဖြင့်သာ အစင်းကြားဖော်ထားသည်။
Gulf ကုတင်ခြေရင်းစွန်းလေးမှာ ထိုင်နေပြီး မလှုပ်မယှက်...ဟိုလူကြီးကတော့ အပေါ်ကအနက်ရောင်အကျီကို ချွတ်ကာ ဗီဒိုထဲချိတ်နေသည်။
ပြီးတော့ ပြန်လှည့်ကာ Gulf ဘေးနားထိုင်လိုက်သည်။ ကုတင်ဘေးစားပွဲပေါ်ရှိ အသင့်ရှိနေပြီးသား ဝီစကီကို ဖန်ခွက်ထဲထည့်ကာ လက်ကလှုပ်နေသည်။ အရသာခံကာ တစ်ငုံသောက်လိုက်ပြီး Gulf ခါးကို ဆွဲဖက်လိုက်သည်။
တစ်ခါမှ မကြုံဖူးသော အထိအတွေ့မို့ Gulf ကိုယ်လေးတွန့်သွားကာ တဖက်ဘေးကို တိုးလိုက်မိသည်။ ထိုအခါ သူက သောက်လက်စဖန်ခွက်ကို စားပွဲပေါ်လှမ်းတင်လိုက်ကာ Gulfကိုပိုပြီး အားပါစွာနဲ့ ဆွဲဖက်လိုက်တော့ သူ့ရင်ခွင်ထဲ ရောက်သွားသည်။
ထို့နောက် မေးဖျားလေးကို ကိုင်မော့ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ ထိယုံလေးဆိုပေမဲ့ မနေတတ်စွာ Gulf တွန်းထုတ်မိသည်။ ရည်းစားမထားခဲ့ဖူးသော Gulf အတွက် ဒီလိုအခြေအနေကို တကယ်ကိုနေရခက်လှသည်။ ယောကျာ်းချင်းဆိုသော အသိကြောင့်လည်းပါသည်။
သူတွန်းထုတ်လိုက်တော့ ထိုလူကြီးက နှုတ်ခမ်းတွန့်ယုံလေး ပြုံးလိုက်ကာ
"ဟက်...မင်းကအလာကြီးပါလား..ငါ့ကို အထိမခံချင်ဘူးပေါ့လေ"
"ကျွန်တော် စိတ်မဝင်စားဘူး"
"အော်ဟော်...ကြိုက်သွားပြီ၊ ငါ့အတွက်ဆို မိန်းမတွေက အမြဲအသင့်ဖြစ်နေတတ်ကြတယ်။ ယောကျာ်းတွေရောပဲ၊ ဒါပေမဲ့ မင်းကတော့ တမျိုးပဲ၊ ကောင်းတာပေါ့ ငါကလည်း ဒါမျိုးမှကြိုက်တာ"

YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...