Unicode...
အရိပ်မဲ့ရောအပါအဝင် ဆယ်ယောက်ရှိနေသောအုပ်စုအတွင်း ရောက်နေသောKram အတွက် ဝံပုလွေများအကြားက ယုန်ကလေးလိုဖြစ်နေတယ်ပြောရအောင်လည်း Kram မျက်နှာမှာကြောက်ရွံ့မှုနဲ့ အသနားခံမှုတို့မရှိ..။ တကယ်တမ်းဆို အငြိုးအတေးမရှိသော သူတို့နှစ်ယောက်ကြား တာဝန်နဲ့ဝတ္တရားတွေခုလာလို့ ရန်သူတွေဖြစ်နေခြင်းသာ...။
Kram အနေနဲ့လည်း သူ့ကို ရိပ်မိနေလောက်ပြီဆိုတာ တွက်ဆမိတာကြောင့် အချက်အလက်တွေကို ရ,ရခြင်းအထက်ရုံးကိုပို့ပေးပြီးသားဖြစ်သည့်အပြင် ထပ်ယူစရာမရှိတော့လောက်အောင်တော်တော်များများအရေးကြီးတာတွေကိုယူပြီးသားမို့ သူ့တာဝန်ပြီးမြောက်နေပြီလို့ပြောလို့ရတာကြောင့် ပြန်ထွက်ဖို့အခြေအနေကြည့်နေတုန်း ဒီလိုရုတ်တရက်ကြီးစုဝေးစစ်ဆေးလာမယ်လို့ မမျှော်လင့်ထား..၊ ဒါကြောင့် ပြည်သူ့ဝန်ထမ်း ဥပဒေဘက်တော်သားပီပီ သေမထူးနေမထူးနှလုံးကို ပိုက်ကာ အတတ်နိုင်ဆုံးခုခံဖို့ဆုံးဖြတ်လိုက်သည်။
"မင်းက မကြိုဆိုတော့ ဘယ်လိုလုပ်ချင်လို့လဲ"
"ကြိုက်သွားပြီကွာ၊ ဒုရဲအုပ်ဆိုတဲ့အတိုင်း သတ္တိကိုတော့လေးစားတယ်"
လက်ခုပ်တီးကာ မဲ့ပြုံး,ပြုံး၍ပြောလိုက်သည်။ ထိုစဥ် ခုနကမှ မေးခွန်းဖြေထားပေးပြီး နေရာပြန်မယူသေးတဲ့ အမှတ်တစ်ကတောင်းဆိုလာသည်။
"ဆရာ သူ့ကိုကျွန်တော် ရင်ဆိုင်ပါရစေ"
"နေပါစေ၊ အတော်ဆုံးလူကိုအကောင်းဆုံးဧည့်ခံပေးရမှာပေါ့ လာပြီရော့"
ပြောပြောဆိုဆိုနဲ့ မျက်နှာတည့်တည့်ပစ်ဝင်လာသောလက်သီးကို Kram ဘေးစောင်းရှောင်လိုက်ကာ အရိပ်မဲ့ရဲ့အရှိုက်ကို တန်ပြန်ထိုးလိုက်သည်။ အရိပ်မဲ့ကလည်း မခေပါ၊ တစ်ချိန်တည်းပြန်ဝင်လာသော ရန်သူ့လက်သီးကို လက်ကောက်ဝတ်မှ ဖမ်းဆုပ်ကာ အပေါ်မြှောက်ယူပြီးမှ နောက်ပြန်ဆွဲချလိုက်သည်။ ယိုင်၍ဟန်ချက်ပျက်သွားသော ခန္ဓာကိုယ်ကိုအလွတ်မပေးပဲ ညာခြေဖြင့် ဖြတ်ကန်လိုက်သည်။
အရှိန်နဲ့ကြမ်းပြင်ပေါ်ကျသွားသော Kram မျက်နှာမှာ ကန်လိုက်တဲ့အရာကအထင်းသား၊ နှုတ်ခမ်းထောင့်မှာလည်း သွေးစလေးတွေစို့နေသည်။ အရိပ်မဲ့ လဲကျနေသောကိုယ်ဆီသွားကာ ကော်လံစကိုဆွဲဆုပ်ပြီး ပြောလိုက်သည်။
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...