Unicode...
Gulf အိမ်နေရင်းအားနေတာကြောင့် ဟိုဟိုဒီဒီ နည်းနည်းပါးပါးသန့်ရှင်းရေးလေးလုပ်ကာ ဖေဖေရုံးဆင်းချိန်ကိုစောင့်နေလိုက်သည်။ ခိုလေးမှတဆင့်ရောက်လာသောစာအရ မနက်ဖြန်ဆို ချိန်းထားတဲ့နေ့ကိုရောက်ပြီမဟုတ်လား...။ ဒီတော့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဖေဖေ့ကိုတိုင်ပင်ကာ ပြောပြချင်သည်။
ဘာပဲပြောပြော ဒီသားအဖနှစ်ယောက်တည်းရှိတဲ့ဘဝမှာ ဘာမှကွယ်ဝှက်မထားချင်တာမို့ ယောကျာ်းလေးချင်းလည်းဖြစ်တာကြောင့် အရာရာပွင့်ပွင့်လင်းလင်းပြောပြခဲ့သည်သာ...။ အရိပ်မဲ့ဆုံးသွားသည့်နောက်ပိုင်း အင်ပါယာနဲ့အမှတ်စဥ်တွေအားလုံး၏ သတင်းအစအနများပါမရတော့တာကြောင့် သူစိုးရိမ်ကာ တမှိုင်မှိုင်ဖြစ်တော့လည်း ဖေဖေသာ အားပေးနှစ်သိမ့်ပေးခဲ့သည်။
အရိပ်မဲ့နဲ့လက်ထပ်တာက ယောကျာ်းလေးချင်းဖြစ်သည့်အပြင် ဘာမှနစ်နာစရာမရှိခဲ့ဘူးဟု ယူဆကာ ဖေဖေကမိန်းကလေးတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုဖို့အကြံပေးလာတော့လည်း အရိပ်မဲ့ကိုချစ်နေမိပြီဆိုတာ ဝန်ခံပြောပြခဲ့သည်မို့ ဖေဖေကနောက်ထပ်မတိုက်တွန်းတော့ပေ..။
အခုလည်း စာရောက်လာပြီဆိုတာနဲ့ အရိပ်မဲ့အကြောင်းသေချာသိစေရန်သွားတွေ့ချင်ကြောင်း ဖေဖေ့ကိုခွင့်တောင်းချင်သည်။ ဘာပဲပြောပြော ကိုယ်ကအပြစ်လုပ်ထားသူမို့ ဖြစ်လာမဲ့အရာရာဘာမဆိုရင်ဆိုင်ဖို့ အသင့်ပြင်ထားသည်။ သူအသက်ရှင်သေးတယ်ဆိုရင်ပေါ့လေ...။
ဖေဖေ့တုန်းကလည်း အမှန်ဆို ဖေဖေကစမှားခဲ့တာမဟုတ်လား..။ ဖေဖေက ကွက်ကျော်နင်းလို့ သူတို့သားအဖကွဲခဲ့ရတာဖြစ်သည့်အပြင် အရိပ်မဲ့က သူ့မျက်နှာကြည့်၍ ဖေဖေ့ကိုပြန်လွှတ်ပေးခဲ့သည်လေ..။ ဖေဖေ့အပြစ်လို့ပြောတာမဟုတ်ပေမဲ့ အရိပ်မဲ့ကိုချစ်တာ သူလည်းအပြစ်မဟုတ်ဘူးဆိုတာ ဖေဖေနားလည်စေချင်တာမို့....။
*•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•. *•.
At 7:30 pm,
Gulf ဖေဖေ့ကို ညစာပြင်ပေးပြီး အတူဝင်စားလိုက်သည်။ ဖေဖေ့ကို အရင်ဦးချသည့်အနေဖြင့် ထည့်ပေးကာ စကားစ,လိုက်သည်။
![](https://img.wattpad.com/cover/245394379-288-k263286.jpg)
YOU ARE READING
"အရိပ်မဲ့ရဲ့ချစ်ခြင်းတရား"
FanfictionUnicode.. မှောင်ခိုလုပ်ငန်းနှင့် တရားမဝင်အလုပ်များကို လုပ်ကိုင်ပြီး အရိပ်မဲ့ဟု နာမည်ကြီးသည့် မြေအောက်ဘုရင် Mew Suppasit ဖခင်ရဲ့ အမှားကြောင့် မထင်မှတ်ပဲ မြေအောက်ဘုရင် Mewနှင့် လက်ထပ်လိုက်ရသူ Gulf Kanawut သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတရားနဲ့အတူ ရင်ဆိ...