"Hansul! ငါ မေးစရာရှိလို့ ဖုန်းဆက်လိုက်တာ"
ပုံမှန်တတ်ကြွနေတဲ့ Chanyeol ပုံစံက ဒီနေ့ကျမှ
တမူထူးခြားကာ ခပ်မှိုင်မှိုင်ဖြစ်နေရသည်။ထို့အ
ပြင် အသံပါ မူမမှန်သလို တိုးညှင်းနေသေးသည်Chanyeol မှာ စိတ်ပူရလွန်းလို့ မနေ့ညကလဲ
ကောင်းကောင်းအိပ်မပျော်...အိမ်ပြန်လမ်းမှာရော တစ်ယောက်ထဲ ကြောက်
နေမလား?အလုပ်ထဲကလူတွေက အနိူင်များကျင့်
နေကြမလား? အလုပ်တွေလဲ အရမ်းခိုင်းနေကြ
လား နဲ့ အမျိုးမျိုးကို တွေးပူနေရသည်။"ဟဲ့! Chanyeol ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
"ငါ ပြောစရာရှိလို့ !"
"အေး မြန်မြန်ပြောစမ်းပါ! စိတ်ပူအောင်မလုပ်ပါ
နဲ့ Chanyeol.."Chanyeol မှာ မေန့ကကျောင်းမှာ ဖြစ်ခဲ့တဲ့ပြသ
နာနဲ့အတူ Baekhyun စားသောက်ဆိုင်မှာ အချိန်
ပိုင်း၀င်လုပ်နေရတဲ့ အကြောင်းကိုပါ ပြောပြဖြစ်
သည်။Chanyeol စိတ်ထဲမှာ ဘယ်လိုမှပင်နေ၍မကောင်းအောင် ဖြစ်နေသည်။ Baekhyun လို
နူးနူးညံ့ညံ့ကောင်လေးကို အဲ့လိုနေရာမှာ အဲ့လို
အလုပ်မျိုးလုံး၀ မလုပ်စေချင်....မနေ့ညက
Chanyeol နဲ့ တွေ့တွေ့ချင်းမှာတောင် မြင်နေရ
တဲ့ မျက်လုံးလေးတွေက ဂဏာမငြိမ်ဘဲ ရှက်နေ
ခဲ့ရတာ ဖြစ်သည်။ရွယ်တူ တန်းတူ ကြားထဲမှာ
နိမ့်ကျတဲ့ ပုံစံနဲ့ မြင်စေမိလို့ ရှက်နေရှာမှာပဲ....
စကားအဆုံး သက်ပြင်းလေးလေးချမိသလို
Hansul ထံမှလဲ ဂရုဏာသက်သံလေးထွက်လာ
သည်။"ငါ့ အသဲလေး သနားပါတယ်ဟယ်, !"
ကြားလိုက်ရတဲ့ Hansul စကားကြောင့်
Chanyeol မှာဆယ်ခါပြန်လောက် အော်ငိုချင်
သွားသည်။ ပြောပြမိတာ မှားပြီလားတောင်မသိ"ရိုးရိုးသနားလဲ ရပါတယ် Baekhyun ဆို Baekhyunပေါ့ !!ဘာအသဲလဲ,?သေချင်နေလား"
"အံမယ် !!နင်တောင် Baekhyunee ချင်းထပ်နေ
တော့တာကို!ပြီးတော့ အဲ့ဒါ ငါ့ Crushပါနော် နင့်
Crush မဟုတ်ပါဘူး..""နင့် Crush လဲ ငါ့ Crush လို့ သဘောထားလိုက်
ပါဟာ !!""ဟောတော် !အဲ့လိုမျိုး ဘယ်မှာရလို့တုန်း"

YOU ARE READING
Byun Bird (Complete)
FanfictionByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00