"မင်း ဘယ်လိုလုပ်ပေးမှာလဲ ? ဘယ်လိုလုပ်မှာ
လဲ ဟမ် !!"Hoodies ခေါင်းစွပ်ကို ဆောင်းထားပြီး ခေါင်းငုံ့
ထားတာမို့ Baekhyun မျက်နှာကိုမမြင်ရ...
လက်ဖဝါး နှစ်ဖက်ကို ပူးယှက်ထားမိပြီး မျက်ဂည်ကျချင်ပေမယ့် အံကြိတ်ပြီး တောင့်ခံထားရ
သည်။အားကိုးရာဟူသည် ဘာဆို ဘာမှ မရှိ... Heechul Hyung တစ်ခါအော်တိုင်း တစ်ခါပြာ
ကျသွားချင်သည်။တက်လာတဲ့ သတင်းတွေမှာ Chanyeol မျက်နှာ
ရှင်းရှင်းလင်း တစ်ပုံမှ မပါတာ တော်သေးသည်ဟု Baekhyun တွေးမိလိုက်သည်။လိုတာထက်
လွန်ကျူးပြီးရေးသားထားသည့် သတင်းတွေကို
ဖုံးဖိဖို့ အချိန်ခဏလေးအတွင်းမည်သို့မှ မစွမ်းသာ....ပိုဆိုးတာက လိင်တူ ဖြစ်နေသည့်အတွက် ကောင်းသတင်းထက် မကောင်းသတင်းက ပိုများ
နေသည်။ တစ်ချို့ကလဲ Baekhyun ရည်းစားက
ယောင်္ကျားလေး တစ်ယောက်ဖြစ်သည်ဆိုတာနဲ့
အရမ်းပျော်နေကြသည်။အကြောင်းမှာ ချစ်ရသော Idol ကို မိန်းကလေး
နဲ့ တွဲတွေ့ရမှာကို မလိုလားကြသောကြောင့် ဖြစ်
သည်။"မင်းကို အများကြီး မျှော်လင့်ထားတာ !အခု ဘယ်လိုလုပ်မလဲ ? ကြော်ငြာတွေနဲ့ Solo show
တော်တော်များများ ဖျက်သိမ်းကုန်ပြီ !မင်း ဒီလို
ပဲငြိမ်နေတော့မှာလား Byun Baekhyun !အခု
မင်းကို မျက်လုံးပေါင်းများစွာက စူးစိုက်ကြည့်
နေတာ မင်းသိလား??"" အရင်တုန်းက မင်းဟာ မင်း ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့
အခုချိန်မှာ မင်းက အောင်မြင်ကျော်ကြားနေတဲ့
လူတစ်ယောက် !ဘာမဟုတ်တဲ့ ဘ၀ကို မေ့လိုက်
တော့ !စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမယ် ...""....."
" မင်းကောင်လေးက မင်းရဲ့ လမ်းကြောင်းကိုသွေဖယ် စေတဲ့သူ "
" Hyung !!ကျွန်တော့် ချစ်သူက ကျွန်တ်ော့ဘ၀
အတွက် ရာနှူန်းပြည့်အရေးပါတဲ့သူပါ Hyung
ကျွန်တော့်ကို ကြိုက်သလို ဆူနိူင်တယ် ဆဲနိူင်တယ် မကျေနပ်ရင် ဆွဲထိုးလိုက် !!ဒါပေမယ့် သူ့ကိုတော့ စကားနဲ့တောင် မထိခိုက်ပါနဲ့ !!""ကောင်းပြီ !!!ဒါဆို ဒီစာချုပ်မှာ မင်းထိုးထားတဲ့
လက်မှတ် !ရည်းစားမထားရဘူး ဆိုတဲ့ နေရာမှာ
ထောက်ခံကြောင်း ထိုးထားတဲ့ မင်းလက်မှတ် "

STAI LEGGENDO
Byun Bird (Complete)
FanfictionByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00