"Chanyeol !ဘယ်လို ဖြစ်နေတာလဲ ?"Baekhyun သည် Chanyeol ၏ရင်ခွင်ကျယ်ကြီးထဲတွင် နစ်မြုပ်ရုံသာမက Chanyeol၏
Locker ခန်းထဲကိုပါ ၀င်မတတ်ဖြစ်နေတာမို့ ကိုယ်လုံးသေးသေးလေးက စုန်းစုန်းမြုပ်နေသည်။ ဒီနေ့ကျမှ လူလစ်တုန်း အချစ်ပိုပြနေ
သည့် Chanyeol က Baekhyun ကို သဲသဲလှုပ်
နေသည်။"ချစ်လို့ပေါ့ !"
"သူများမြင်ကုန်မယ် !ဖယ်စမ်းပါ "
Baekhyun ပုခုံးပေါ်ကလက်တစ်ဖက်နဲ့ ခါးပေါ်
က လက်တစ်ဖက်ကို Baekhyun မှာတွန်းလှန်
နိူင်ခြင်းမရှိဘဲ ရုန်းလေ နစ်လေ နွံပမာ ဖြစ်နေရ
သည်။အရှက်ပိုလွန်းနေသည့် ကောင်လေးကို အသဲယား
စွာ Chanyeolမှာ ကြည့်လေ ချစ်လေ ဖြစ်နေရတာမို့ Baekhyun ကို စနောက်ရသည်ကလဲ ကြည်နူးစရာလေး ဖြစ်လို့နေတော့သည်။"ချစ်လို့ နမ်းတာကို လူကို ထုမယ် ရိုက်မယ်ဆိုတာကြီးပဲ !"
"သူများ၀င်လာရင် ဘယ်လို လုပ်မလဲလို့ !"
"ဒါကလွယ်ပါတယ်...!"
"အမေ့ !"
Baekhyun ခါးလေးကို လက်နှစ်ဖက်ဖြင့်ပွေ့ယူ
လိုက်ပြီး Locker ခန်းထဲ ထည့်လိုက်သည်။ပြီး
တော့ Chanyeol က အပြင်ကနေ ပိတ်ရပ်ထား
တာအပြင် တံခါးအရွက်ကပါ ကာနေသေးတာမို့
တော်တန်ရုံ Baekhyun ကို ဘယ်သူမှ မြင်မည်
မဟုတ်....Chanyeol လည်ပင်းကို လက်နှစ်ဖက်နဲ့ ယှက်ပြီး
သိုင်းဖက်ထားတဲ့ Baekhyun ကို ကျပ်ကျပ်လေး ပွေ့ဖက်လိုက်တော့ ရင်ဘတ်နှစ်ခုက နီးကပ်
သွားသည်။ကျဉ်းထဲကျပ်ထဲ မှာ ချိန်းတွေ့နေရတာကလဲ ရင်
ခုန်တာရော ရင်တုန်တာရော ဘာမှန်းတောင်မသဲ
ကွဲ..."သူများတွေ အားကစား လုပ်နေတာကို ငါတို့က
ဒီမှာ လာချိန်းတွေ့နေတယ်....""အားကစား ချိန် ခွင့်ယူမယ် ပြောထားတယ် ဘာ
မှမဖြစ်ဘူး ! စိတ်ပူမနေနဲ့ "Chanyeol ခပ်တိုးတိုးပြောကာ Baekhyun ဆံပင်တွေကို တရှုံ့ရှုံနမ်းနေသည်။
"Baekhyunee..."
"အင်း !"
"ငါမင်းကို ခေါင်းကနေ ခြေဖျားအထိ နမ်းချင်
တယ်..!"
YOU ARE READING
Byun Bird (Complete)
FanfictionByun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Byun မည်သောငှက်ကလေးတစ်ကောင်၏လွပ်လပ်ခွင့်ကိုဖန်တီးပေး သောသူက ဘာများဖြစ်မလဲ ? Coverby@byunasunaparkBy00