21

1.2K 112 3
                                        

"ဗျာ !! De.. Debut  ရတော့မယ် !! "

Baekhyun အသံသည် သာမန်ထက်ကျယ်သွား
ပေမယ့် Baekhyun မထိန်းလိုက်နိူင်...Heechul
Hyung ၏ မျက်နှာကိုမျက်တောင် မခတ်သည်အထိ စိုက်ကြည့်နေမိလို့ Hyung ကတောင် မနေ
တတ်တော့ဘဲ မျက်နှာ လွဲပစ်လိုက်ရသည်အထိ...

သင်တန်းကာလ လေးလပဲကြာမြင့်နေသေးတာမို့
Baekhyun Debut ရတော့မယ် ဆိုတဲ့စကားကြောင့် ကိုယ့်နားကို မယုံနိူင်....

မထင်မှတ်ထားတဲ့ အရည်အချင်းတွေ ပြည့်နေတဲ့
Baekhyun ကို ဒီအချိန်မှာ ပွဲထုတ်လိုက်ဖို့က အကောင်းဆုံးအချိန်ဟု Heechul သတ်မှတ်သည်။

ကိုယ်ရဲ့ သူငယ်ချင်းတွေက Baekhyun Debut
ဖို့က အရမ်းစောလွန်းနေတယ်လို့ ဝေဖန်ကြပေမယ့် Baekhyun မှာ သူမတူ တဲ့ အရည်အချင်းနဲ့
ဘာမှန်းမသိတဲ့ အရှိန်အဝါတွေ ကပ်ညှိနေတယ်
လို့ သူခံစားမိနေသည်။

ထပ်ပြီး အချိန်ဆွဲ ထားမနေတော့ဘူး...တောက်လောင်စပြူနေတဲ့ မီးစအသေးအမွှားလေးကို လေပင့်ပြီး ‌မီးတောက်ကြီး ဖြစ်နေဖို့ Heechul
ဆုံးဖြတ်ချက်ချလိုက်သည်။

"တကယ်ပြောနေတာလား ??"

"တယ်လေး !!ငါ ခေါင်းခေါက်ထည့်လိုက်ရ မင်း
ရှေ့မှာ ထိုင်နေတဲ့ ငါက CEO ပါဟ !"

"အ ဟင့် ! ဟင့် ဝါး...ဝါး "

တစ်ချက် တစ်ချက် ရှိုက်နေရာကနေ ပါးစပ်ကလေးဖြဲပြီး တဝါးဝါး ထငိုတဲ့ Baekhyunကြောင့် Debut မယ်ပြောမိတာ မှားပြီလားလို့ သူ တွေးလိုက်မိသည်။

ပြီးတော့ ချက်ချင်း မတ်တပ်ရပ်ကာ ဦးညွှတ်ပြပြီးအခန်းထဲက ပြေးထွက်သွားတဲ့ Baekhyun
ကြောင့် CEO ခမျာ ဘာမှတောင် မပြောလိုက်ရ
ဘဲ ရှိနေခဲ့တော့သည်။

အပျော်လွန်သွားတဲ့ Baekhyun ကတော့ ဒုန်းစိုင်း ပြေးနေသည်။

Chanyeol ကိုအရမ်းပြောပြချင်သည်။ တစ်ဦးထဲသော ချစ်ရသူ‌လဲ မည်မျှပျော်သွားမည် ဆိုတာတွေးကြည့်ရုံနဲ့ ပိုငိုချင်သည်။ အခန်းထဲရောက်တော့ Kyungsoo ကမရှိ... လေ့ကျင့်နေ
တယ် ဖြစ်မှာမို့...

ချက်ချင်းပဲ ဖုန်းကို ထုတ်ကာ Chanyeol ကိုဆက်သွယ်လိုက်တော့ မဆိုင်းမတွ ဖုန်းလက်ခံ
လိုက်တဲ့ ချစ်ရသူ....

Byun Bird (Complete) Donde viven las historias. Descúbrelo ahora