6

1.1K 150 4
                                    


"မနေ့ညက ဘယ်မှာ အိပ်ဝာာလဲ?"

"ကျစ် !"

"နင့်အဖေ ဆေးရုံတက်နေရတယ် နင်သိလား?"

"ဘာ !"

မနေ့ညက တစ်ညလေးအိမ်မှာ မရှိတာကို အဖေက ဘာကိစ္စ ဆေးရုံရောက်သွား ရပါသနည်း....

‌အဖေဆေးရုံတက်နေရတယ်သာ ပြောတာ မိထွေးက အတော်လေးအေးဆေးနေသည်။

"ဘာဖြစ်တာတဲ့လဲ အဖေက..!"

"သွေးတိုးပြီး မူးလဲတာ !ငါ အခု ပတ်၀န်းကျင်ကို
ပိုက်ဆံလိုက်ချေးနေတာ ဘယ်မှာကမှ မရဘူး !
နင်ဒီနေ့ကျောင်းမသွားနဲ့ နင့်အဖေဆီသွားစောင့်!
ပြီးတော့ နင်အချိန်ပိုင်းလုပ်နေတယ် ကြားထား
တယ် !! စုထားတဲ့ ပိုက်ဆံတွေရှိလား??"

"ဘယ်လိုလုပ်ရှိမှာတုန်း လုပ်တာတောင် တစ်လ
မပြည့်သေးဘူး !!စုထားတဲ့ ပိုက်ဆံဆိုတာ အန်တီ့
ကို မေးရမှာလေ !ကျွန်တော်က ဘယ်လိုလုပ်စုမိ
ဆောင်းမိ ရှိမလဲ??"

"အေးပါ ...အေးပါ အခု နင် ဆေးရုံကိုသွားစောင့်
ငါ နေ့လည်စာဖြစ်ဖြစ် ယူပြီး လာခဲ့မယ် သိလား"

"အင်း !"

Baekhyun အနွေးထည်ထူထူ ၀တ်လိုက်ပြီး ဆေးရုံသွားရန်ပြင်လိုက်သည်။ ဒီနေ့ကျောင်းမ
သွားဖြစ်ဘူး ဆိုတော့Chanyeol ကိုဖြစ်ဖြစ် ခွင့်
တိုင်ခိုင်းဦး မှပါ....

Chanyeolကိုဖုန်းဆက်လိုက်သည်။

"ဘာဖြစ်လို့လဲ နေမကောင်းလို့လား?"

ချက်ချင်းပင် စိတ်ပူနေမှန်းသိသာစွာ အသံဩ
ဩနဲ့မေးလာတာကြောင့် Baekhyun ပြုံးမိလိုက်
သည်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မရဖူးတဲ့
ဂရုစိုက်မူတွေကြောင့် သေးသေးလေးတောင် နွေး
ထွေးတယ် ထင်ပြီး တန်ဖိုးထားမိသည်။

"စိတ်မပူပါနဲ့...ငါ့အဖေ‌မူးလဲပြီးဆေးရုံတက်ရလို့
ပါ !!"

အကြောင်းအရင်းမရှိ...ဒီစကားနဲ့ နှစ်သိမ့်မိ
သည်။

"အဆင်ပြေတယ်မလား? Baekhyunee..အဖေ
က ရော အဆင်ပြေရဲ့လား?"

"ငါအခုဆေးရုံသွားနေတာမို့ နောက်မှ ဖုန်းပြန်
ဆက်လိုက်မယ်နော် !"

ဖုန်းပြောချင်းကထိုမျှသာ...ဆေးရုံသို့ရောက်တော့...အဖေ တစ်ကိုယ်တည်း ကုတင်ထက်မှာ
သတိလစ်မေ့မျောနေလေသည်။

Byun Bird (Complete) حيث تعيش القصص. اكتشف الآن