3

1.2K 175 1
                                    


"အဖေ!!ကျွန်တော့မှာ စာအုပ်လဲ မရှိတော့ဘူး
ဘောပင်လဲ ကုန်တော့မှာ..၀ယ်ချင်လို့ ပိုက်ဆံပေး
ဦး !!"

Baekhyun ဧည့်ခန်းထဲကကြမ်းပြင်မှာ မီးပူထိုင်
တိုက်နေရင်းအဖေ့ကိုတွေ့လိုက်တာမို့ လှမ်းပြော
လိုက်ရသည်။ Baekhyun စကားကြောင့် အဖေကသတင်းစာဖတ်ဖို့ပြင်နေရင်းက လှည့်ကြည့်လာသည်။

Baekhyun ဆေးရုံက ဆင်းတာနှစ်ရက်ရှိပြီဖြစ်
ပေမယ့် မနက်ဖြန်မှ ကျောင်းစတက်မှာဖြစ်သည်။ဒါကြောင့် ၀ယ်စရာရှိတာ သတိရတုန်း
အဖေ့ဆီက ပိုက်ဆံတောင်းနေရခြင်း ဖြစ်သည် ။

"မင်း ဟိုတစ်လောကလဲ ငါ့ဆီ ပိုက်ဆံတောင်း
သေးတယ်မလား?? ဒါနဲ့ဆို သုံးခါရှိနေပြီ. ဟုတ်
ရော ဟုတ်သေးရဲ့လား??"

"ဟိုတစ်ခါက တောင်းတာတွေကလဲ တကယ်လိုလို့တောင်းတာတွေပဲလေ...အဖေ့ကို ကျွန်တော်ပြောပြတယ်လေ ...!"

"မင်းချည်းပဲ တဇွတ်ဇွတ်ကိုတောင်းနေတော့တာ
ပဲ Kelvin ဆို ငါ့ဆီတစ်ခါတောင် မတောင်းဖူးဘူး!! "

Baekhyun မီးပူကို ဘေးဘက်ချလိုက်ရင်း မီးကို
ပါ ပိတ်လိုပ်သည်။ အခုထိ နည်းနည်းနာနေသေး
တဲ့ ခြေကျင်း၀တ်အထိုင်အထ နဲ့ လမ်းလျှောက်ရာမှာ ခက်ခဲနေရသေးသည်။

"Kelvin ကဘယ်တောင်းမလဲ?? အဖေရသမျှလ
စာက အဖေ့မိန်းမဆီပဲ ပေးနေရတာမလား ? Kelvin လိုရင် သူ့အမေ ဆီက တောင်းလို့ရတယ်
ကျွန်တော် လိုရင် ဘယ်သူ့ဆီက တောင်းရမှာလဲ
အဖေ့ ဆီကပဲ တောင်းရမှာပေါ့ !!"

"ဟဲ့ !! နင်က အဲ့ဒါကို ဘာမကျေမနပ်ဖြစ်နေတာလဲ?? နင့်အဖေ ပိုက်ဆံကို တရား၀င်မိန်းမ ဖြစ်တဲ့
ငါက သိမ်းတယ် အဲ့ဒါဘာဖြစ်သလဲ??"

ဘယ်အချိန်က ချောင်းနားထောင်နေမှန်းမသိသည့် မိထွေးတော်က စွာကျယ် စွာကျယ်နဲ့ ရန်
ထောက်လာတော့ Baekhyun ကလဲ နှုတ်ခမ်းမဲ့
သည်။

မရှိလို့သာ တွယ်ကပ်တာ ငြိမ်ခံနေမယ့်ထဲမှာ
Baekhyun မပါ....အဆုံးသတ်က ရှုံးပွဲပဲကြိုဆို
နေမယ်ဆိုရင်တောင် ပျော့ညံ့ညံ့ကောင်ထဲမှာ
Baekhyun မပါ ..

"ကျွန်တော်က သာတယ် နာတယ် ပြောနေတာမ
ဟုတ်ဘူး !!အမှန်ကိုပြောပြနေတာ ကျွန်တော့စကား ထဲမှာ မှားနေတာလဲ တစ်ခုမှ မပါဘူး !!"

Byun Bird (Complete) Où les histoires vivent. Découvrez maintenant